TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ၏
မူဝါဒရေးရာကြေညာချက်

ဒေသတွင်းရှိ အခြားလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဘန်ကောက်အခြေစိုက် လှုပ်ရှားဆောင်ရွက်မှုများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသော အား ဖြင့် မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးနိုင်ငံတကာ လှုပ်ရှားမှု ကော်မတီကို 1989 မေလတွင် စတင် ဖွဲ့စည်းခဲ့သည်။

မြန်မာ့ရေးရာအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာရေးအတွက် အဓိ ကတာဝန်ယူဆောင်ရွက်ရန် ဦးတည်ခဲ့သည်။ ၀န်ထမ်းအင်အားနှင့် အခြားအကန့် အသတ် များကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် အခက်အခဲများ ရှိလာသဖြင့် 1991 ခုနှစ် ဩဂုတ်လတွင် အဖွဲ့၏အမည်ကို “မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB)” ဟု အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ရသည်။

ထိုင်းလူမျိုးတို့သည် ထိုင်းအစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ချမှတ်ထားချက်သည့် မူဝါဒ များကို ဆန့်ကျင်ကြောင်း နှင့်မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးအခြေအနေမှန်နှင့် ရွှေ့ပြောင်း အ ခြေစိုက်သူ မြန်မာနိုင်ငံသားတို့၏ အခြေအနေမှန်ကို သိရှိရေးမှာ ပိုမိုအရေးပါလာခဲ့သည်။ TACDB သည် မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေ စိုက် အဖွဲ့အစည်းများကို အားဖြည့်ပေးရန်လည်း ရည်ရွယ်သည်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာလူမျိုးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ တွင်လည်း ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိသည်။ မြန်မာ့ဒီမိုကရေစီ ရရှိရေးအတွက် သင့်လျှော်မည့် ထိုင်းအစိုးရ၏ နိုင်ငံခြားရေးမူဝါဒများ ဖြစ်ပေါ်လာစေရေးအတွက် အရေးဆို လှုပ်ရှားလျှက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုင်းပြည်သူများသိရှိ နားလည် လာစေရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများကိုထိုင်းပြည်သူတို့က ထောက်ခံအားပေးလာစေရန် အတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းကို လုပ်ဆောင်လျှက်ရှိပါသည်။ အ သစ်ဖြစ်ထွန်းလာမည့် ထိုင်းမြန်မာချစ်ကြည်ရင်းနှီးမှုသည် မြန်မာနိုင်ငံဒီမိုကရေစီရေးနှင့် လွတ်မြောက်ရေးလှုပ်ရှားမှုကို သိရှိနားလည်ခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိသည့် မူဝါဒရေးရာ တွင် ကူညီပံ့ပိုးနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ၏ ဦးတည်ချက်များ

၁-မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတွင် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အ စည်းများအား အားဖြည့်ကူညီရေး။
၂- ထိုင်းနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် မြန်မာလူမျိုးများအား ကူညီရေး။
၃- မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် သင့်လျော်သော နိုင်ငံခြားရေးမူဝါဒများ ထိုင်းနှင့်နိုင်ငံခြားအစိုးရများထံတွင် ပြဌာန်းဆောင်ရွက်လာစေရေး။
၎- မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုင်းပြည်သူများသိရှိ နားလည်လာ စေရေးနှင့် မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင် ထိုင်းပြည်သူများက ပိုမိုထောက်ခံ အားပေးလာ စေရေးအတွက် သတင်းအချက်အလက်များ ထုတ်ပြန်ကာ လှုပ်ရှားဆောင်ရွက်ရေး။


TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb