TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မြန်မာပြည်နှင့်ဒီမိုကရေစီ
စက်တင်ဘာလ ၂၈ ရက်၊ မသီချွန်းသတင်းစာအယ်ဒီတာ့အာဘော်

တိုင်းပြည်အုပ်ချုပ်ရာတွင် တရားမဲ့ အုပ်ချုပ်လျှင်ဖြစ်စေ၊ တရားမဲ့ အာဏာကို အလွဲသုံးစား ပြုလျှင်ဖြစ်စေ၊ ပြည်သူပြည်သားများကို ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်လျှင်ဖြစ်စေ ယင်း၏ အကျိုးဆက်အဖြစ် တနေ့တွင် ပြည်သူများက မတရားသော အစိုးရအား တွန်းလှန် တော်လှန်တိုက်ပွဲဝင်မည် ဖြစ်သည်။ ယင်းအဆိုကို မြန်မာပြည်တွင် အနှစ် (၂၀) နီးပါး အာ ဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်အစိုးရကို မြန်မာပြည်သူများက တော်လှန်နေသည်ကို ကြည့်ခြင်းဖြင့် သက်သေပြလိုက်ပြီဖြစ်သည်။

မြန်မာအာဏာပိုင်များသည် ၎င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူ အတိုက်အခံများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထိန်းသိမ်းထားခြင်း၊ ရိုက်နှက်ညှဉ်းပမ်း သတ်ဖြတ်ခြင်းကို ပြုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် နေအိမ်တွင် အ ကျယ်ချုပ်ဖြင့် ဖမ်းဆီးချုပ်နှောင်ထားပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့် မရနိုင်အောင် တား မြစ်ပိတ်ပင်ထားသည်။

သြဂုတ်လ ၁၅ ရက်နေ့က လောင်စာဆီနှင့် ဂတ်စ်ငွေ့ဈေးနှုန်းများအား တိုးမြှင့်လိုက်ခြင်း ကြောင့် ပြည်သူအများ အခက်အခဲဖြစ်ကြရသည်။ လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မှု ကြောင့် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြကြသည်။ ဆန္ဒပြမှုများ၏ အခြေခံအ ကြောင်းရင်း လိုအပ်ချက်များကို ဖြေရှင်းပေးရမည့်အစား ဆန္ဒပြပွဲတွင်ဦးဆောင်သူ အများ အပျားကို စစ်အစိုးရက ဖမ်းဆီးသွားသည်။

ယင်းဂယက်မှသည် ယနေ့အချိန်တွင် ဘုန်းတော်ကြီးများက ဦးဆောင်၍ လမ်းပေါ်ထွက်ကာ မြို့ရွာအနှံတွင် ဆန္ဒပြနေပြီဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဆန္ဒပြတောင်းဆိုသူများ၏ တောင်းဆိုချက်များအား လိုက် လျော့ပေးမည့်ပုံမပေါ်ပါ။ လောင်စာဆီ ဈေးများထိုးတက်မှု ကြောင့် ၎င်းနှင့်အတူ လိုက်ပါကြီးမြင့်သွားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်း စုကြည် ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီစနစ်ဘက်သို့ အသွင်ကူးပြောင်းရေး အတွက် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် တို့ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ သည်။ အမှန်တရားဖြင့်ကြည့်မည်ဆိုလျှင် မြန်မာအစိုးရက တိုင်းပြည်အာဏာရယူထား သည်မှာ တရားနည်းလမ်းကျစွာ ရယူထားခြင်းမဟုတ်ပါ။

စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ပေါ်တွင်ငြိမ်းချမ်းစွာစီတန်းလှည့်လည်မေတ္တာပို့ ကြွချီနေသည့်သံဃာတော်များ

အာဏာဆက်လက်တည်တံ့နိုင်ရန်အတွက် ပြည်သူ၊ နိုင်ငံရေးသမား၊ မီဒီယာများကို လွတ် လပ်ခွင့်မပေး။ မြန်မာပြည်သူများကို မျက်စိပိတ်၊ နားပိတ် ထားသည်။ ပြည်သူကို အမှောင် ချထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက တောင်းဆိုသည့် ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူ့ထံပြန်လည်အပ်နှင်းပေးရေးနှင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ အသွင် ကူးပြောင်းရန် တောင်းဆိုချက်များကိုလည်း ဂရုမစိုက်ပါ။ ထိုမျှမက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးနှင့် အင်အားကြီးနိုင်ငံအချို့တို့က စစ်အစိုးရအား ပြည်သူတို့၏ ရပိုင်ခွင့်အခွင့် အရေးများ ကို လေးစားလိုက်နာရန်၊ ရွေးကောက်ပွဲများကို ကျင်းပပေးရန်တောင်းဆိုပြီး ထိုသို့မလိုက် နာပါက စီးပွားရေးသပိတ်မှောက်မည်ဟု ဆိုသော်လည်း စစ်အစိုးရက ယင်းတောင်းဆို ချက်များကို အလေးမမူပါ။

မြန်မာပြည်သူများ အာဏာရှင်လက်အောက်သို့ ဆယ်စုနှစ် ၂ ခုကြာ ကျရောက်ရခြင်းတွင် အခြေခံအချက် (၂) ချက်ရှိသည်ကို တွေ့ရသည်။ ပထမ အချက်မှာ ကန့်သတ်ဥပဒေဖြင့် တင်းတင်းကြပ်ကြပ် ပြဌာန်းအုပ်ချုပ်ထားခြင်းကြောင့် ဖြစ်သည်။ အစိုးရကို ဆန့်ကျင်သူ မည်သူပင်ဖြစ်စေ မျက်နှာကြီးငယ်မရွေး ရက်ရက်စက်စက် နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်းခံရ သည်။ မြန်မာပြည်သူများ လမ်းမပေါ်ထွက်ကာ ဒီမိုကရေစီတောင်းဆိုမှုများပြုကြသည်။ နောက်ဆုံးတွင် ရက်ရက်စက် ဖမ်းဆီးနှိပ်စက်မှု၊ နှိမ်နင်းမှုများကြောင့် သွေထွက်သံယိုမှုများ၊ အသက်ဆုံးရှုံးခြင်းများဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ဒုတိယအချက်မှာ နိုင်ငံတကာက စစ်အစိုးရအား ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်နှင့် ပြည်သူလက်တွင်း အာဏာ အပ် နှင်းရန် ဖိအားပေးတောင်းဆိုချက်များမှာ လွန်စွာပြင်းထန်လွန်းခြင်းမရှိလှပါ။ အာဆီယံ အ ဖွဲ့ဝင်နိုင်ငံများအတွင်းမှာပင် လူ့အခွင့်အရေးထက် ၎င်းတို့၏ အကျိုးစီးပွားကို ကြည့်၍ ဆက် ဆံကြသည်မှာ ပို၍ များသည်။ ထိုင်းနိုင်ငံသည် အိမ်နီးခြင်းနိုင်ငံဖြစ်သည့်အတွက် မြန်မာ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးကို များစွာ ထိခိုက်ရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် ထွက်ပြေးလာရောက်ခိုလှုံနေထိုင်ကြသည်။ ထိုသူများ၏ ၀န်ထုပ်ဝန်ပိုးများက ထိုင်းနိုင်ငံ တွင် တာဝန်ရှိနေသလို ထိုသူတို့နှင့်သက်ဆိုင်သည့် ပြဿနာများစွာကိုလည်း ထိုင်းနိုင်ငံ အ နေဖြင့် တာဝန်ယူထားရသည်။ သို့သော်လည်း ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးတွင် ၀င်ရောက် စွပ်ဖက်ခြင်းမရှိပါ။

ဗုဒ္ဓဘာသာရဟန်းတော်များက မြန်မာပြည်သူများကို ဦးဆောင်၍ စစ်အစိုးရကို အဟိံသ၀ါဒ (အကြမ်းမဖက် လှုပ်ရှားမှု) ကို လမ်းစဉ်ကိုင်ဆွဲ ဆန္ဒပြနေသည်မှာ ရက်ပေါင်း အတန်ကြာ ခဲ့ပြီ ဖြစ်သည်။ ထိုသို့ သံဃာတော်များက ဦးဆောင်ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံ၏ အဓိ ကအချက် အချာကျ မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ညမထွက်ရ အမိန့် ကာဖျူးထုတ်ပြန်ကြေညာလိုက်သည်။ မည်သည့် အရေးကိစ္စရှိစေကာမူ ၂၄ နာရီ ပတ်လုံး လူ ၅ ဦးထက် ပို၍ စုဝေးခွင့်မရှိဟုလည်း ထုတ်ပြန်လိုက်ပြန်သည်။ ယင်းသို့ကြေ ညာလိုက်သည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာအစိုးရသည် ဆန္ဒပြသူများကို အပြတ် နှိမ်နင်းမည်ဟု ယူဆရသည်။ သို့သော်လည်း ဆန္ဒပြသူများကမူ တားမြစ်မိန့်များကို ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက်၍ လမ်းမပေါ်ထွက်ကာ ချီတက်ဆန္ဒပြကြသည်။

ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသူ ရဟန်းသံဃာ၊ ပြည်သူလူထုနှင့်ကျောင်းသားများ

အကယ်၍ ဆန္ဒပြသူများအနေဖြင့် ကြောက်ရွံ့နေပါက လွန်ခဲ့သည့် နှစ် (၂၀) က ကဲ့သို့ စစ် တပ်၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ကျရောက်နေမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့် လည်း အလှမ်းဝေးနေဦးမည် ဖြစ်သည်။ အာဏာရှင်လက်အောက် အမှိတ်မှောင်တိုက် အ တွင်း မြန်မာပြည်သူများ၏ သည်းခံနိုင်သည့် အတိုင်းအတာမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
စစ်အာဏာရှင်ကွန်မြူနစ်အစိုးရကို တော်လှန်နေသည့် မြန်မာပြည်ရဟန်းရှင်လူ ပြည်သူ လူထု သိန်းပေါင်းများစွာ တို့သည် ယနေ့အချိန်တွင် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ကမ္ဘာ့ပြည်သူလူထုကလည်း စိတ်ဝင်စားယုံတင်မကပါ၊ အာဏာရှင် အစိုးရကို ဆန့်ကျင် ဆန္ဒပြသူများကို အဆုံးထိတိုက်ပွဲဝင်သွားရန် အားပေးကြသည်။

လူထု၏စွမ်းအားဖြင့် အရာရာကို ပြောင်းပြန်ဖြစ်အောင်လှန်ပစ်နိုင်အောင် စွမ်းဆောင်နိုင် သည့် သာဓကများ ရှိသည်။ လက်နက်ကိုင်ထားသည့် သူများကိုပင် မိမိဘက်ပါအောင် စည်းရုံးနိုင်သည့် စွမ်းအားရှိသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံ တို့ကိုကြည့်နိုင်သည်။ ယင်းနိုင်ငံများသည်လည်း ပြည်သူလူထု၏ စွမ်းအားဖြင့်သာ ပြောင်း လဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်ထားသည့် အာဏာရှင်များက မည် သည့် လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်းမရှိသော အပြစ်မဲ့ပြည်သူများကို ရက်ရက်စက် စက် အသေ သတ်ဖြတ်နေသည်ကို ဆန္ဒပြပွဲတလျောက်လုံးတွင် တွေ့မြင်ခဲ့ရသည်။ အကျိုး ဆက်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကမ္ဘာ့ပြည်သူများကို နိုးကြားစေခဲ့ပြီး မြန်မာ စစ်အစိုးရကို ဖိအားပေးရန်အတွက် အဓိကအကြောင်းတရားကို ဖြစ်စေခဲ့သည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb