|
အလုပ်ရှင်မှ အလုပ်သမားအား လျှော်ကြေးပေးဆောင်ရမည့် အခြေအနေ
အပိုဒ် (၁၁၈) လုပ်ငန်းအရှုံးပေါ်၍ ပိတ်ပစ်လိုက်ရသည့်အခါတွင်ဖြစ်စေ အလုပ်သမားတွင် အပြစ်မရှိဘဲ အလုပ်မှ ထုတ်ပစ်လိုက်သည့် အခါတွင်ဖြစ်စေ အလုပ်ရှင်သည် အလုပ်သမား အား လျှော်ကြေးပေးဆောင်ရမည်။
၁- လုပ်ရက် ၁၂၀ ပြည့်ပြီး၊ လုပ်သက် (၁) နှစ်မပြည့်သေးသူအား အနဲဆုံး ရက် (၃၀) စာ လုပ်အားခကို လျှော်ကြေးအဖြစ် ပေးရမည်။
၂- လုပ်သက် (၁) နှစ် ရှိပြီးလုပ်သက် (၃) နှစ်မပြည့်သေးသူအား ရက် (၉၀) စာလုပ်အားခ ကို လျှော်ကြေးပေးရမည်။
၃- လုပ်သက် (၃) နှစ်ရှိပြီး လုပ်သက် (၆) နှစ်မပြည့်သေးသူအား ရက်ပေါင်း (၁၈၀) စာ လုပ်အားခကို လျှော်ကြေး အဖြစ်ပေးရမည်။
၎- လုပ်သက် (၆) နှစ်ရှိပြီး လုပ်သက် (၁၀) နှစ် မပြည့်သေးသူအား ရက်ပေါင်း (၂၄၀) စာ လုပ်အားခကို လျှော်ကြေး အဖြစ် ပေးရမည်။
၅- လုပ်သက် (၁၀) နှစ်အထက်ရှိပြီးသူကို ရက်ပေါင်း ၃၀၀ ထက်မနည်းသော လုပ်အားခ ကို လျှော်ကြေးအဖြစ်ပေးရမည်။
အောက်တွင် ပြဌာန်းထားသည့်အချက်များနှင့် ကိုက်ညီနေလျှင် အလုပ်ရှင်က အလုပ်သမားအား လျှော်ကြေးမပေးဆောင်နိုင်ပါ
၁- တာဝန်ပျက်ကွက်မှု၊ အလုပ်ရှင်အပေါ်တွင် စနစ်တကျ ပြစ်မှု ကျူးလွန်ရန် ကြံစည်မှု။
၂- အလုပ်ရှင်ပေါ်တွင် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်သူ။
၃- တာဝန်ပေါ့ဆသဖြင့် အလုပ်ရှင်၏ စီးပွားဥစ္စာများ ထိခိုက်နစ်နာသွားသည့်အခါတွင် ဖြစ် စေ။
၎- အလုပ်ရှင်၏ သတ်မှတ်ထားသော စည်းကမ်းကို ဖောက်ဖျက်သူ၊ အမိန့်မနာခံသူ၊ အလုပ်ရှင်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းသည် တရားဥပဒေတွင် ပြဌာန်း ထားသည့် ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီနေလျှင်။
၅- အရေးပေါ် အကြောင်းကိစ္စမရှိဘဲ (၃) ရက်ဆက်တိုက် ပေးထားသည့် တာဝန်ကို မထမ်း ဆောင်ဘဲ ပျက်ကွက်လျှင် ဖြစ်စေ။
၆- ထိုသို့ ဖြစ်ပေါ်လာပါက တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။
|