|
|
မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် သံဃာတော်များပါဝင်လာမှုအကြောင်းကို ကျူလာလောင်ကွန်းတက္ကသိုလ်တွင်ဆွေးနွေး
အောက်တိုဘာ ၁ ။အောင်ကျော်စိုး
အောက်တိုဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် သံဃာတော်များ ပါဝင်လာနိုင် မှုနှင့်ပတ်သက်၍ ကျူလာလောင်ကွန်းတက္ကသိုလ် လန်ဖိုင်ဖာနီအဆောင် ပချာထိပုတ် ခန်းမ တွင်ဆွေးနွေးခဲ့သည်။

ကျူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးသုတေသနဌာနက ဦးဆောင်ကျင်းပခဲ့ ခြင်းဖြစ်ပြီး မြန်မာပြည်အရေး စိတ်ဝင်စားသူများနှင့် ပညာရှင်များလာရောက် ဆွေးနွေးခဲ့ သည်။
အာရှလေ့လာရေးဌာနမှ သုတေသနမှူးဖြစ်သူ ဖွန်ဖိမွန်သလီချို့က မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကတွင် ဘုန်းတော်ကြီးများ၏ ပါဝင်မှုကို ပုံဂံခေတ်မှသည် အလောင်းမင်းဘုရားခေတ် အထိ ဆွေးနွေးတင်ပြသွားပြီး သမိုင်းကြောင်း တလျှောက်တွင်လည်း မြန်မာအစိုးရက ဖြေရှင်းရာတွင်သုံးသည့် နည်းလမ်းမှာ တခုတည်းသာ ရှိသည်ဟုပြောဆိုသွားသည်။
၎င်းက “သမိုင်းကြောင်းကိုပြန်ကြည့်ရင် မြန်မာအစိုးရအဆက်ဆက်က ပြဿနာတခုကို ဖြေ ရှင်းမယ်ဆိုရင် စားပွဲဝိုင်းမှာ ထိုင်ပြီး သူ့အယူအဆ ကိုယ့်အယူအဆ မျက်နှာချင်းဆိုင်ပြီး စား ပွဲဝိုင်းမှာ ဆွေးနွေးတာတို့၊ ညှိနှိုင်းမှုလုပ်တာတို့ကို မတွေ့ရဘူး၊ အားကြီးတဲ့သူက အားငယ် တဲ့သူကို အင်အားကို အသုံးပြုပြီး အနိုင်ယူစမြဲဘဲ ဖြစ်တယ်” ဟုပြောဆိုသွားသည်။
မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ရဟန်းသံဃာများနှင့်ပြည်သူလူထုကို အ ကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြောကြားရာတွင်မူ “အဲဒီအဖြစ်တွေက မြန်မာနိုင်ငံ ကို အုပ်ချုပ်တဲ့ဘုရင်တွေက ပုံဂံခေတ်ကဆို တရုတ်ရန်ကို ဖြေရှင်းဖို့အတွက် ရှင်ဒိသာပါ မောက္ခကို သံတမန်အဖြစ် စေလွှတ်တာတို့၊ မွန်နဲ့မြန်မာစစ်ဖြစ်တဲ့အခါမှာ ရဟန်းသံဃာတွေ ကို စစ်ပွဲထိပ်မှာထားပြီး တိုက်ပွဲဝင်တာတွေဟာ အထင်အရှားသာဓကတွေဖြစ်တယ်၊ ကျမ တို့ ထိုင်းနိုင်ငံရဲ့ နလေစွမ်ဘုရင်ဆိုရင်လည်း ရဟန်းသံဃာတွေကို အပြစ်ပေးခဲ့တာတွေရှိ တယ်၊ ဒါတွေဟာ အခုမှ မဟုတ်ပါဘူး” ဟု ဆက်လက်ပြောဆိုသည်။

အမြဲတန်းသုတေသနဌာနမှူးက ယင်းသို့ပြောဆိုယုံသာမက စစ်အာဏာရှင်အုပ်ချုပ်မှ မြန်မာ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံခွင့်ရမည်လား၊ ဒီမိုကရေစီအစိုးရသစ်တရပ်တက်လာလျှင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ မလုပ်နိုင်ဘူးလားဟု စီးပွားရေး အပြိုင်အဆိုင် လုပ်ကိုင် နေသည့် အိန္ဒိယ၊ တရုတ် အစိုးရကို မေးခွန်းထုတ်လိုက်သည်။
ကျူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးဌာနမှ ဒေါက်တာ ဆုနေ့ချုသင်လာနွန်က လည်း ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဆရာတော်ဦးဝိစာရတို့မှာ နယ်ချဲ့အစိုးရကို ဆန့်ကျင်တော်လှန်ရာတွင် အထူးထင်ရှားသော ဆရာတော်များဖြစ်သည်ဟု ပြောဆိုသွား သည်။
ခေတ်သစ်သမိုင်းစာမျက်နှာတွင်လည်း ၁၉၉၀ ခုနှစ်က ဦးတိလောက စသော ဆရာတော် များက စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သည့်အတွက် အစိုးရထိတ်လန့်သွားခဲ့ရ သည်ဟု ပြောဆိုပြီး မြန်မာနိုင်ငံတွင် ပြည်သူများ ဒုက္ခရောက်လာသည့်အချိန်များတွင် သံ ဃာတော်များမှာ ရှေ့တန်းသို့ထွက်လာလေ့ရှိသည်ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
ယနေ့ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပညာရှင်များကလည်း သံဃာတော်များနှင့်ပြည် သူများ ငြိမ်းချမ်းစွာဆန္ဒပြသည်ကို အကြမ်းဖက်နှိမ်နင်းသည့်အတွက် ယခင်က မြန်မာအစိုး ရကို အစဉ်တစိုက်ထောက်ခံအားပေးခဲ့သော တရုတ်အစိုးရပင်လျှင် သဘောထား ပြောင်း လာသည့် အခြေအနေကို တွေ့မြင်ရသည်ဟု ပြောဆိုနေကြသည်။
|
|

December 2009 issue March 2010 special issue




|