TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မြန်မာအလုပ်သမား ၅ သိန်းကို မှတ်ပုံတင်ပေးဦးမည်
အောက်တိုဘာ ၂ ရက်၊ ၂၀၀၇ ခု၊ မသီချွန်သတင်းစာ

ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ အစိုးရတို့နှင့် နှစ်နိုင်ငံ နယ်စပ်တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ နံနက်သွား ညနေပြန် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ဆွေးနွေးနေသည်ဟု အလုပ်သမားဝန်ကြီးဌာန အဓိပဒိဖြစ် သူ မစ္စတာ မနွန်ပွန်ယကေသီယာကုန်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားအရေ အတွက် အတိအကျသိနိုင်ရန် နှင့် တရားဝင်အလုပ် အလုပ်လုပ်ကိုင်နိုင် စေရန်ရည်ရွယ် သည်ဟု သိရပြီး တနေ့တာ နယ်စပ်ဖြတ်အလုပ်လုပ်ခွင့်အတွက် ထိုင်းငွေ ၁၀ ဘတ် ကောက်ခံမည် ဖြစ်သည်။

အလုပ်သမားသစ်များ တရားဝင် လက်မှတ်ခွင့်ပြုပေးရေးနှင့်ပတ်သက်၍ ဆပ်ကော်မတီဖွဲ့ ကာ စိစစ် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာအလုပ်သမား ၈ သိန်းကို လက်မှတ်လုပ်ပေးမည်ဟု ရည်မှန်းထားသော်လည်း ငါးဖမ်းလုပ်ငန်း၊ အလုပ်ရုံ၊ စက်ရုံနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လက်ခံနိုင်သည့် ပမာဏမှာ ၅ သိန်းသာရှိသည်ဟု ပြောဆိုသည်။

အလုပ်သမားမှတ်ပုံတင်ရေး ဆပ်ကော်မတီက စိစစ်ဆောင်ရွက်မည်ဖြစ်သည့် အတွက် အ လုပ်သမား ၅ သိန်း လက်မှတ် အသစ်ပြုလုပ်ပေးရေးမှာ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။
ပထမအဆင့်အားဖြင့် ယခင်လက်မှတ်အဟောင်း (ထောလော ၃၈/၁) ရှိထားပြီးသူများကို ပြုလုပ်ပေးမည်ဖြစ်ပြီး ယင်း ပမာဏဖြင့် မလောက်ငမှသာ လူသစ်အလုပ်သမားများကို ဆက်လက်၍ မှတ်ပုံတင်ခွင့်ပြုမည်ဟု ဆိုသည်။

ဆပ်ကော်မတီ၏ အလုပ်သမားများမှတ်ပုံတင်ပေးရေး အဆိုပြုချက်ကို လက်ထောက် ၀န် ကြီးချုပ် မစ္စတာ ဖိုင်ဘွန်းဝါထနား ဆီလီထမ်း ထံပေးပို့၍ ခွင့်ပြုချက်ရယူမည် ဖြစ်သည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb