|
|
မဲဆောက်ဆန်လှူပွဲ မြန်မာနိုင်ငံသား သောင်းနှင့်ချီလာရောက် အလှူခံ
စက်တင်ဘာလ ၄၊ အောင်ကျော်စိုး
နှစ်စဉ်ကျင်းပနေကျ ဖြစ်သည့် မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲတွင် မြန်မာနိုင်ငံ သားများ သောင်းနှင့်ချီ၍ လာရောက်အလှူခံယူခဲ့ကြသည်ဟု သိရသည်။
ယင်းအလှူပွဲကို မဲဆောက် မြို့တော်ဝန်ဖြစ်သူ မစ္စတာဆူချာဆုဝလန်ကတ်နှင့် မဲဆောက် စုပေါင်းညီညွတ်ရေး ကုသိုလ်အဖြစ်အသင်းတို့ ပူးပေါင်း၍ ဆန်နှင့် အခြားစားသောက်ကုန် ပစ္စည်းများကို အလှူပေးခဲ့ကြသည်။
လွန်ခဲ့သည့်လ ၁၅ ရက် မှစတင်၍ မြန်မာနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းကို အစိုးရက မြှင့်တင်လိုက်သည့် အတွက် ကုန်ဈေးနှုန်းများ အဆမတန်ထိုးတက်သွားပြီး အကျိုးဆက် အဖြစ် သာမန်လက်လုပ်လက်စား ပြည်သူများမှာ ၀ယ်ယူ စားသုံးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် မြန်မာဘက်အခြမ်းတွင် နေထိုင်သည့် မြ၀တီမြို့မှ လူများ ပို၍ လာရောက်ဆန်အလှူခံယူကြ သည်ဟု သိရသည်။
အလှူပွဲသို့လာရောက်သူ မြန်မာနိုင်ငံသားများလွန်းသဖြင့် မဲဆောက်အခြေစိုက်၊ ရဲ၊ စစ်တပ် တို့ကို လုံခြုံရေးအတွက် အကူအညီတောင်းခံခဲ့ရသည်။
ဆန်လှူပွဲတွင် လာရောက်သည့် လူဦးရေ (၂) သောင်းခန့် လာရောက် အလှူခံခဲ့သည်ဟု သိ ရသည်။
လူတဦးလျှင် ဆန် (၅) ကီလို၊ ငါးသေတ္တာ တဗူး၊ ဆား၊ ငပိနှင့် ဘတ်ငွေ ၂၀ တို့ကို အလှူပေးခဲ့သည်။
|
|

December 2009 issue March 2010 special issue




|