|
|
မြန်မာပြည်အရေးကို မြောက်ကိုးရီးယားအရေးဖြေရှင်းသကဲ့သို့ တစိုက်မတ်မတ်ထားဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ်အကြံပြု
အောက်တိုဘာလ ၁၅၊ ၂၀၀၇ ခုနှစ်၊ ကလုန်ထေဖ့်ထုလကစ် အွန်လိုင်း၊ မသီချွန်သတင်းစာ
တွေ့ဆုံဆွေးနွေးမှုဖြင့်သာ မြန်မာပြည်အရေးဖြေရှင်းရာတွင် အောင်မြင်မှုရနိုင်မည်ဟု ထိုင်း ၀န်ကြီးချုပ် ဆူလာရွတ်ကျူလာနွန်က ကုလအထူးသံတမန် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
ထို့ပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယနိုင်ငံများကလည်း မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုရမည်ဟု ပြောဆိုလိုက်သည်။
“ထိုင်းအစိုးရအနေနဲ့ မြန်မာအစိုးရကို ကုလအထူးကိုယ်စားလှယ်ကို ဒီ အောက်တိုဘာလ အတွင်းမှာ မြန်မာပြည်ထဲကို မြန်နိုင်သမျှအမြန်ဆုံး သွားရောက်နိုင်အောင် စာရေးသား တောင်းဆိုမယ်၊ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ထဲမှာ တွေ့ဆုံ ဆွေးနွေးပွဲအတွက် အ ချိန်လုံလုံလောက်လောက် နေခွင့်ပြုဖို့ တောင်းဆိုမယ်၊ မြန်မာပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းက ဆွေးနွေးပွဲတွေပါ” ဟု ထိုင်းဝန်ကြီးချုပ် ဆူလာရွတ်ကျူလာနွန်က ပြော သည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ် ဆူလာရွတ်ကျူလာနွန်က ဆွေးနွေးပွဲများဖြစ်ပေါ်ရေးအတွက် ကြို တင်၍ တောင်းဆို ကန့်သတ်ထားချက်များ မထားရှိရန်၊ မြန်မာနိုင်ငံသည် အခြားနိုင်ငံများ နှင့်မတူ ကွဲပြားကြောင်းနှင့် မြန်မာအစိုးရ ရေးဆွဲနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြ ဌာန်းထားချက်များ၊ သတ်မှတ်ချက်များအား မြန်မာပြည်အရေးဆောင်ရွက်နေသူ အားလုံး သတိထားသုံးသပ်ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်း များကို ရှာရန်လည်း အကြံပြုပြောဆိုလိုက်သည်။

ကုလအထူးကိုယ်စားလှယ်နှင့်ထိုင်းဝန်ကြီးချုပ်တို့တွေဆုံစဉ် (ဓါတ်ပုံ-Thaigov)
“ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်အရေးဖြေရှင်းမယ်ဆိုရင် အာဆီယံနိုင်ငံတွေ၊ တရုတ်၊ အိန္ဒိ ယတို့ပါ စားပွဲဝိုင်းမှာ ထိုင်ပြီး တွေ့ဆုံဆွေးနွေးသင့်တယ်၊ မြောက်ကိုးရီးယား ပြဿနာကို ဖြေရှင်းသလိုဖြေရှင်းရမယ်၊ မြောက်ကိုးရီးယားပြဿနာ ဖြေရှင်းတာ အခုဆို တိုးတက်မှု အ တော်ရှိတယ်၊ အောင်မြင်တယ်လို့ ပြောရမယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
ထိုင်းဝန်ကြီးချုပ်က သူ၏အဆိုပြုချက်များအား နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံ အ စည်းအဝေးတွင် တင်ပြ ပြောဆိုသွားမည်ဟု ဆိုသည်။
“ထိုင်းနိုင်ငံက ကုလအထူးကိုယ်စား လှယ်ကို မြန်မာအစိုးရနဲ့ တွေ့ဆုံရေးကို အားပေးတယ်၊ နောက်ပြီး မြန်မာပြည်ပြဿနာကို ဖြေရှင်းရာမှာ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရတို့ သဘောတူညီချက်ရဖို့က အရေးကြီးဆုံးပဲ၊ သူတို့နှစ်ဦးက အခရာကျတယ်၊ အတိုက်အခံနဲ့ အစိုးရကြားဆွေးနွေးပွဲတွေဖြစ်လာအောင် ထိုင်းအစိုးရကလည်း ဆွေးနွေးရာမှာ ကြိုတင်ပြီး တောင်းဆိုချက်တွေနဲ့ မကန့်သတ်ထားဖို့ကိုလည်း စာပို့ပြီး တောင်းဆိုမယ်၊ အာဆီယံနိုင်ငံ တွေ အနေနဲ့လည်း လာမဲ့ အာဆီယံဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးမယ်လို့ မျှော် လင့်ရတယ်၊ ဆွေး နွေးပွဲတွေကနေ မြောက်ကိုးရီးယားအရေးလို့ အောင်မြင်မှု ရပါလိမ့်မယ်” ဟု သတင်းထောက်များကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခံယူချက် တော်တော့်ကို မြင့်မားတယ်၊ ပြည့်စုံတယ်လို့ မစ္စတာဂမ်ဘာရီကပြောတယ်၊ မြန်မာအစိုးရနဲ့တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်တယ်ပြောတယ်၊ ဒီအခေါက် မြန်မာပြည်ခရီးစဉ်က အရင်က ထက် အချိန်ရရင် အခြေအနေ အတော်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်လိမ့် မယ်လို့ ကုလအထူးကိုယ်စားလှယ်ကပြောတယ်” ဟု ထိုင်းဝန်ကြီးချုပ်က မစ္စတာဂမ်ဘာရီ နှင့်တွေ့ဆုံစဉ်ပြောဆိုသည့် စကားကို ပြန်လည် ပြောဆိုခဲ့သည်။
မစ္စတာဂမ်ဘာရီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူနှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် သ တင်းထောက်များကို ပြောကြားရာတွင် အာရှဒေသသို့ ခရီးထွက်လာတွင် အဓိကအရေး ပါ သည့် ကိစ္စ (၃) ခုအတွက် ခရီးထွက်လာရခြင်းဖြစ်ကြောင်း၊ မြန်မာပြည်၏ အိမ်နီးခြင်းနိုင်ငံ များ၊ မိတ်ဆွေနိုင်ငံများအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာပြည်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေ အနေများအပေါ် စိုးရိမ်မှုများကို သိရှိစေရန်၊ ဆန္ဒပြပွဲများဖြစ်ပေါ်စဉ်တွင် လူ့အခွင့်အရေး ချိုး ဖောက်သည်ဆိုသည့် အစီရင်ခံစာများ ရရှိခဲ့ကြောင်း၊ မြန်မာစစ်တပ်ဘက်က လမ်းမများ ပေါ်မှ စစ်သားများကို ရုပ်သိမ်းသွားမှုများ၊ အင်တာနက်များကို ပြန်လည်ဖွင့်ပေးခဲ့မှုများ၊ ည မထွက်ရအမိန့်ကို နဂိုမူရင်းသတ်မှတ်ထားသည်ထက် လျော့ချလိုက်သော်လည်း ကျောင်း သားခေါင်းဆောင်များအား ဆက်တိုက်ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့မှာ မြန်မာ အစိုး ရနှင့်ကုလသမဂ္ဂအကြား သဘောတူညီထားချက်ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများနှင့် ဆန္ဒပြစဉ်တွင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ် ပေးရန်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို ဖမ်းဆီးထားသူများနှင့် တွေ့ဆုံခွင့်ပြုရန်ကိုလည်း တောင်းဆိုလိုက်သည်။
ထိုင်းအစိုးရအနေဖြင့်လည်း မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံတွင်းသို့ အောက်တိုဘာလအတွင်း ပြည်ဝင်ခွင့်ရရှိရေးအတွက် စာကို ယခုအပတ်တွင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့်ပေး ပို့မည်ဟု ဆိုသည်။
ကုလအထူးကိုယ်စားလှယ်က ထိုင်းနှင့် အာဆီယံနိုင်ငံများအနေဖြင့် ၎င်း၏ မြန်မာပြည်ခရီး စဉ်အားထောက်ခံရန် ပြောဆိုသွားသည်ဟု ဆိုသည်။
|
|

December 2009 issue March 2010 special issue




|