TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်များ

လက်မှတ်မရှိသော မြန်မာအလုပ်သမား  ၁၀၀၀ နီးပါးကို အထူးနှိမ်နှင်းရေးက ဖမ်း ပြန်ပို့
သြဂုတ်လ ၁၆၊ အောင်ကျော်စိုး

ဆမုတ်ဆာခွန်းခရိုင်၊ အုပ်စု ၆၊ ထဆိုင်အုပ်စု၊ အမှတ် ၅၅/၂၃၇ ရှိ ကော့ဆမွတ် ပင်လယ် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ဆယမ်ဖိုးဆင်းပရောဒတ် စက်ရုံနှစ်ခုတို့ကို www.bangkokbiznews.comရဲအထူးနှိမ်နှင်းရေးက ၀င်ရောက် စီးနင်းရာ လက်မှတ်မရှိသော နိုင်ငံခြားသား အလုပ်သမားအယောက် ၁၀၀၀ နီးပါးကို ဖမ်းဆီးမိခဲ့သည်ဟု ကုန်ထေ့ထုလကစ် အွန်လိုင်းသတင်း တွင် ဖေါ်ပြထားသည်။

ကော့ဆမွတ်စက်ရုံမှ လူ ၅၇၉ ဦး၊ ဆယမ်ဖိုးဆင်းပရောဒတ် စက်ရုံမှ အလုပ်သမားများနှင့် လက်မှတ်သက်တမ်း မတိုး ထားသူ ၇၁ ဦး အပါအ၀င် လက်မှတ်မရှိသူ စုစုပေါင်း ၁၀၀၀ နီးပါး ဖမ်းဆီးမိသည်ဟုလည်း သတင်းတွင် ဖေါ်ပြထားသည်။

ကော့ဆမွတ်စက်ရုံကို အထူးနှိမ်နှင်းရေးက ၀င်ရောက်ဖမ်းဆီရာတွင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ မသီတာက“ရဲတွေက အဖြူရောင် ၀တ်စုံတွေ အလုပ်သမားဝတ်စုံတွေကို ၀တ်ပြီးလာတာ၊ နောက်ပြီး အချို့ရဲတွေက အင်္ကျီအနီ၊ အမဲ၊ ဘောင်းဘီက ဂျင်းဘောင်းဘီကို ၀တ်ထားတာ၊ သူတို့က ၀ိုင်းပြီးတော့ဖမ်းတာ၊ သမီးတို့ကတော့ ဓနိတောထဲကို ၀င်ပြေးလို့ လွတ်သွားတယ်၊ ပြေးတာတော့ အများကြီးပဲ၊ အခုထိ အချို့က တောထဲကနေ မထွက်လာသေးဘူး၊” ဟုပြောသည်။

အလုပ်သမားများမှာ စက်ရုံဘေးရှိ ဓနိတောအတွင်း ပြေးဝင်ပုန်းသဖြင့် အချို့လွတ်မြောက်သွားသော်လည်း မပြေးနိုင်သူများ မှာ ဖမ်းမိသွားသည်ဟု ဆိုသည်။
“ဆွေမျိုးနှစ်ယောက် ပါသွားတယ်၊ မနက် ၈ နာရီကနေ ဓနိတောထဲ ပြေးပုန်းတာ အခုထိ (ညနေ ၃နာရီ) ပဲ၊ အခါတိုင်းက ၀င်ဖမ်းမယ်ဆိုရင် ကြိုသိတယ်၊ ဒီ တခါတော့ မသိဘူး၊ အားလုံးကို ၀ိုင်းပြီးတော့ ဖမ်းတာ၊ ရေထဲမှာ ခေါင်းဖေါ်ပြီးတော့ နေရတာ၊ ရဲတွေက ဓနိတောထဲထိပါ လိုက်ဖမ်းတယ်၊ တောထဲက ထွက်လာတဲ့သူတွေကို စောင့်ဖမ်းတာတောင် ကား တစီးတိုက်လောက်ရတယ်၊ မိုးရွာမှ သူတို့ (ရဲတွေ) ပြန်သွားတယ်၊” ဟု လွတ်မြောက်လာသူ တဦးဖြစ်သူ မချစ်က ပြောသည်။ 

ဖမ်းဆီးထားသူ များသဖြင့် အချုပ်ခန်းတွင် နေရာမဆန့်သဖြင့် မြို့တော် စည်ပင်သာယာရုံး အနောက်ဘက်ရှိ တရုတ်ဘုံကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ကား ၉ စီးဖြင့် ပို့ဆောင် လိုက်သည်ဟု မျက်မြင်ကိုယ်တွေ့ ကြုံလာခဲ့သူ ကိုချစ်ခင်က ပြောသည်။

“ကောင်မလေးတွေ ကားပေါ်မှာ ငိုနေတာ ကြေကွဲစရာပဲ၊ ကား ၁၀ စီးနဲ့ တင်ခေါ်သွားတာ၊ တချို့ဆို ကယ်ရီခတောင် မကြေသေးဘူး၊ တယောက်က ၈၀၀၀ တယောက်က တသောင်းလောက်စီ ရှိတယ်၊ ဒီမှာ အလုပ်လုပ်တဲ့သူ အများစုက ကယ်ရီတွေအဆက်အသွယ်နဲ့ ၀င် အလုပ်လုပ်တာ၊ ကျနော်နဲ့ သိတဲ့ မိသားစု တခုဆို အမေရော၊ သားရော ပါသွားတာ၊ သမီးလေးပဲ ကျန်နေခဲ့တာ၊ သူတို့ဆိုလည်း ကယ်ရီခ မကြေသေးဘူး၊” ဟု ကိုခင်ထူးက ပြောသည်။
ကော့ဆမွတ်စက်ရုံမှ  တာဝန်ရှိသူ တဦးကမူ ဖမ်းဆီးသွားသူဦးရေမှာ လူ ၇၀၀ ခန့်ရှိသည်ဟု ခန့်မှန်းပြောဆိုပြီး ဖမ်းဆီးခံထားရသူ အလုပ်သမားများကို အကူအညီပေးမှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို  မသိဟု ဆိုသည်။ ဖမ်းဆီးခံထားရသူ အများစုမှာ မြန်မာနိုင်ငံသား ဖြစ်သည်ဟု ဆက်လက် ပြောသည်။
ကော့စမွတ် စက်ရုံသည် အနီးတ၀ိုက်ရှိ ပင်လယ်အစားအစာ ထုတ်လုပ်သည့် စက်ရုံများတွင် အကြီးဆုံး စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ထောင်ချီရှိနေသည်ဟု မဟာချိုင်းရှိ အလုပ်သမားများက ခန့်မှန်းပြောဆို နေကြသည်။

TACDB publication

Labour

Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb