TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မဟာချိုင်မှ လူကယ်ရီများက အလုပ်သမားများကို ကျွန်ကဲ့သို့ သဘောထား
အောက်တိုဘာလ ၁၆၊ ၂၀၀၇ ခု၊ မသီချွန်းသတင်းစာ

“နိုင်ငံခြားသားအလုပ်သမားများ လူကုန်ကူးမှုကွန်ယက်ဆီသို့ ၀င်ရောက်လာခြင်း” နှင့်ပတ် သက်၍ မဟာချိုင်းဒေသအခြေစိုက် အလုပ်သမားအခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (LPN) က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၎င်းတို့၏တွေ့ရှိချက် သုတေသနစာတမ်းကို ဖတ်ကြား တင်ပြ ဆွေးနွေးခဲ့သည်။

မဟာချိုင်းဒေသတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သ မားများမှာ ကျွန်များကဲ့သို့ ပြည်တန်ဆာခန်းများတွင် ရောင်းစားခြင်း၊ ရောင်းဝယ်ခြင်း၊ ပြန် ပေးဆွဲခြင်း၊ စက်ရုံများမှ ၎င်းတို့အကျိုးအတွက် ကိုယ်ကျိုးရှာခြင်း၊ လွတ်လပ်ခွင့်များကို ပိတ်ပင်ခြင်း၊ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းများကို ပြုနေသည်ဟု သုတေသန စာတမ်းတွင် ဖေါ်ပြထားသည်။

ဆမုတ်စာခွန်းခရိုင်အတွင်း လူကုန်ကူးမှုများမှာ ပုံစံအမျိုးမျိုးဖြင့်ရှိနေပြီး ပြန်ပေးဆွဲငွေညှစ် ခြင်း၊ လုယက်ခြင်း၊ စက်ရုံများမှ ၎င်းတို့အကျိုးစီးပွားအတွက် အလုပ်သမားများကို အသုံးချ ခြင်း၊ ပြည်တန်ဆာခန်းများတွင် ရောင်းစားခြင်း၊ လူတဦး၏ လွတ်လပ်မှုကို ပိတ်ပင်ထား ခြင်း စသည့် ပုံစံအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

ဆမုတ်စာခွန်းခရိုင်တွင် ၂၀၀၇ ခုနှစ် အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားသူ ဦးရေ ၇၄,၀၀၀ ရှိသော်လည်း၊ အမှန်တကယ်ရှိသည့် လူဦးရေမှာ ၂ ဆခန့်ပိုများပြီး ၂ သိန်းခန့်ရှိသည်ဟု ဆိုသည်။

ထို့ပြင်လုပ်အားခ ဈေးနှုန်းချိုသာခြင်းနှင့် စက်ရုံများ ပိုမိုများပြားလာခြင်းကြောင့် လုပ်သား လို အပ်ချက် ယခင်ကထက် ပိုလာသည်ဟု ဆိုသည်။

လူကယ်ရီပွဲစားများက ယင်းဒေသတွင် ပုံစံအမျိုးမျိုးဖြင့် ရှိနေသည်ဟု သုတေသနစာတမ်း တွင် ဖေါ်ပြထားသည်။ ၁။ လူကယ်ရီပွဲစားသည် ၎င်းတို့ခေါ်ဆောင်လာသည့် လမ်းကြောင်း၏ ခက်ခဲမှုကို လိုက်၍ ဈေးနှုန်းကောက်ယူခြင်း၊ ၂။ အလုပ်ရှာပေးသည့်သူများသည်လည်း အ လုပ်အမျိုးအစားကိုလိုက်၍ ပွဲစားခယူခြင်း၊ ၃။ ရဲဖမ်းဆီးချိန်တွင် ရဲနှင့် အလုပ်သမားကြား ၀င်ရောက်၍ ဈေးညှိပေးသူများကလည်း အခြေအနေကိုလိုက်၍ ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ယူ၍ ဖြေရှင်းပေးခြင်း၊ ၄။ အစိုးရရုံးသုံးစာရွက်စာတမ်းများနှင့် အလုပ်သမားလက်မှတ် အတွက် အလုပ်ရှင်ငှားရမ်းခ ပေးဆောင် ရသည့်နှုန်းမှာ အမှန်ရှိသည့်ဈေးထက် ၁ ဆမှ ၂ ဆထိ ပိုနေတတ်ခြင်း၊ ၅။ အိမ်ပြန်ရာတွင် ပို့ဆောင်ပေးသည့် လူကယ်ရီပွဲစားများကလည်း လူတဦးလျှင် ဘတ် ၂၀၀၀ မှ ၃၀၀၀ ထိကောက်ခံသည်၊ ၆။ ဆေးရုံသို့ တကြိမ်ပို့လျှင် ပို့ ဆောင်ခအဖြစ် ဘတ် ၅၀၀ ယူသည်၊ ၇။ ငွေတိုးချေးစားသူ ထိုင်းလူမျိုးနှင့် နိုင်ငံခြားသား ငွေရှင်များက အတိုးနှုန်း ၂၀% မှ ၃၀ % ထိယူသည်၊ ၈။ အလုပ်သမားများက အိမ်သို့ ငွေ ပြန်ပို့လျှင် ပို့သည့်ငွေပမာဏပေါ် မူတည်၍ ၁၀ မှ ၂၀% ကို ဖြတ်ယူသည်၊ ၉။ မြန်မာကယ် ရီလက်တွင်းမှ ဒေသတွင်း သြဇာညောင်းသူ ထိုင်းလူမျိုးများက တဆင့်ခံ၍ (Sub-Contractor) စက်ရုံအကြီး စက်ရုံငယ်များတွင် အလုပ်ရှာပေးသည်၊ ၁၀။ လူကယ်ရီပွဲစား များက အလုပ်သမားများကို ခေါ်ဆောင်၍ ပြည်တန်ဆာခန်းများတွင်ရောင်းစားခြင်း၊ ကာယ ကံရှင် သဘောမတူပဲ အတင်းအကြပ် အလုပ်စေခိုင်းခြင်းတို့ကို တွေ့ရှိရသည်ဟု ယင်းသု တေသနစာတမ်းတွင် ဖေါ်ပြထားသည်။

ဖြစ်ရပ်တခုအနေဖြင့် ဥပမာပေးပြောဆိုရာတွင် မေလ ၁၉ ရက် ၂၀၀၇ ခုနှစ်တွင် မကြီးဆို သည့် မြန်မာအမျိုးသမီးတဦး၏ အတွေ့အကြုံကိုလည်း ထည့်သွင်းပြောဆိုထားသည်။ ၎င်း ၏သားဖြစ်သူနှင့် သူငယ်ချင်း ၃ ဦးတို့မှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် လှေလိုက်ရာ၊ လှေ ဦးစီး၏ နှိပ်စက်မှုကို မခံနိုင်၍ ပင်လယ်ပြင်တွင် ခုန်ချ၍ ကမ်းပေါ်တက် ထွက်ပြေးသွားခဲ့ သည်။ ထို့နောက်ယင်းတို့ကို အလုပ်သွင်းပေးသည့် လူကယ်ရီပွဲစားက မကြီးထံ လာရောက် ခြိမ်းခြောက်ပြောဆိုပြီး ဘတ်ငွေ ၆၃၀၀၀ မပေးပါက ၎င်းနှင့်အသက် ၅ နှစ်အရွယ်ရှိ ကလေးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်မည်ဟု ဆိုသည့်အတွက် အဆိုပါငွေအား နှစ်နှင့်ချီပေးဆပ် နေရသည်ဟု ဆိုသည်။ သို့သော်လည်း သားဖြစ်သူကို ယခုထက်ထိ မတွေ့ရသေးဟု သိရသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb