TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

၅၆ ခရိုင်တွင် လုပ်အားခဈေး ၁ ဘတ်မှ ၇ ဘတ်ထိတိုးပေး
အောက်တိုဘာ ၂၀၊ ၂၀၀၇ ခုနှစ်၊ မသီချွန်းသတင်းစာ

ထိုင်းနိုင်ငံတွင် ခရိုင်ပေါင်း ၇၆ ခရိုင်ရှိသည့်အနက် ၅၆ ခရိုင်တွင် ရှိ အလုပ်သမားများ၏ လုပ်အားခ နှုန်းထားကို ၁ - ၇ ဘတ် ထိတိုးမြှင့်ပေးလိုက်သည်။

အခြားခရိုင်များထက် အထွေထွေအသုံးစရိတ် ပို၍ကြီးသော ဘန်ကောက်နှင့် အနီးဝန်းကျင် ခရိုင်များတွင် ၃ ဘတ်ထိ တိုးပေးပြီး ကျချင်စောင်းနှင့် မြို့တော်ဟောင်း အယုဒ္ဓယတွင် ၅ ဘတ်ထိတိုးပေးသည်။

သက်ဆိုင်ရာ ခရိုင်အလိုက် လုပ်အားခတိုးမြှင့်ပေးရေး ကော်မတီ၏ တင်ပြချက်ဖြင့် လုပ် အားခတိုးမြှင့်ပေးရေးဘုတ်အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့တွင် တိုးမြှင့် ပေးခြင်းဖြစ် သည်။

ဈေးနှုန်း ၁ ဘတ်တိုးမြှင့်ပေးသော ခရိုင်များမှာ ဖိစနိုးလို့ ၁၄၇ -၁၄၈၊ ချွန်ဖွန် ၁၄၉-၁၅၀၊ သလာက် ၁၄၉-၁၅၀ (မဲဆောက် သာက်မဟုတ်ပါ) ၊ နန့် ၁၄၃-၁၄၄၊ ဖိကျစ် ၁၄၅-၁၄၆၊ မဟာဆာလခန်း ၁၄၆-၁၄၇၊ ယဲစိုထောင်း ၁၄၆-၁၄၇၊ လွှဲအက် ၁၄၆-၁၄၇၊ ဆမုတ်ဆုန်ခမ်း ၁၅၄-၁၅၅ နှင့် ဆာလကဲယောက် ၁၅၄-၁၅၅ တို့ဖြစ်သည်။

ဈေးနှုန်း ၂ ဘတ်တိုးမြှင့်ပေးသော ခရိုင်များမှာ ကန်ကျနဘူရီ ၁၅၀-၁၅၂၊ ကန်ဖယ်ဖေစ် ၁၄၇-၁၄၉၊ ခေါင်ကင်း ၁၄၈-၁၅၀၊ သန်း ၁၅၂-၁၅၄၊ နခုန်းဆီထမရာခ်ျ ၁၄၈-၁၅၀၊ ဘူရီရမ် ၁၄၈-၁၅၀၊ ဖဲလ် ၁၄၄-၁၄၆၊ မုဒါဟန် ၁၄၆-၁၄၈၊ မဲ့ဟောင်ဆောင် ၁၄၅-၁၄၇၊ လာချဘူရီ ၁၅၄-၁၅၆၊ ဆကုန်းနခုန်း ၁၄၆-၁၄၈၊ ဆတူးန် ၁၄၈-၁၅၀၊ ဆလဘူရီ ၁၆၈-၁၇၀၊ ဆူရင်း ၁၄၅-၁၄၇၊ နောင်ခိုင်း ၁၄၈-၁၅၀၊ နောင်ဘိုဝါလန်ဖူး ၁၄၆-၁၄၈ နှင့် အန်ထောင်း ၁၅၂-၁၅၄ တို့ဖြစ်သည်။

၃ ဘတ် တိုးမြှင့်ပေးသော ခရိုင် ၂၀ မှာ ဘန်ကောက် ၁၉၁-၁၉၄၊ ကျန်ထဘူရီ ၁၅၅-၁၅၈၊ ချွန်ဘူရီ ၁၇၂-၁၇၅၊ ချိုင်နာတ် ၁၄၆-၁၄၉၊ နခုန်းနိုင်ရို့ ၁၄၇-၁၅၀၊ နခုန်းပထုန် ၁၉၁-၁၉၄၊ နခုန်းလာချဆီမား (ကိုရာခ်ျ) ၁၆၂-၁၆၅၊ နခုန်းဆ၀န် ၁၄၇-၁၅၀၊ နွန်ထဘူရီ ၁၉၁-၁၉၄၊ ပထုန်ဌာနီ ၁၉၁-၁၉၄၊ ပလာကျင်ဘူရီ ၁၅၂-၁၅၅၊ ဖန်ငါး ၁၅၉-၁၆၂၊ ဖတ်ထလုန် ၁၄၇- ၁၅၀၊ ဖက်ချဘွန် ၁၄၇-၁၅၀၊ ရနောင်း ၁၆၀-၁၆၃၊ လပ်ဘူရီ ၁၅၅-၁၅၈၊ လန်ဖွန်း ၁၄၉- ၁၅၂၊ ဆမုတ်ပလကန် ၁၉၁-၁၉၄၊ ဆမုတ်စာခွန်း ၁၉၁-၁၉၄၊ ဆမုတ်စာခွန်း ၁၉၁-၁၉၄ နှင့် ဆူလဌာနီ ၁၄၇-၁၅၀ တို့ ဖြစ်ကြသည်။

၎ ဘတ်ထိ တိုးမြှင့်ပေးသော ခရိုင် ၅ ခုမှာ ကဘီ ၁၅၆-၁၆၀၊ ဖက်ဘူရီ ၁၅၆-၁၆၀၊ လ ယောင်း ၁၆၁-၁၆၅၊ လေး ၁၅၀-၁၅၄ နှင့် ဆင်ဘူရီ ၁၅၂-၁၅၆ တို့ဖြစ်ကြသည်။

၅ ထိ ဈေးတိုးမြှင့်ပေးသော ခရိုင် ၂ ခုမှာ ကျချင်းစောင်း ၁၆၀-၁၆၅ နှင့် ဖလနခုန်းဆီအယု ထယား ၁၆၀-၁၆၅ တို့ဖြစ်သည်။

၇ ဘတ်ထိ ဈေးတိုးမြှင့်ပေးသော ခရိုင်တခုမှာ ဖူးကက်ခရိုင်(၁၈၆-၁၉၃) ဖြစ်ပြီး အုထိုင်းဌာ နီခရိုင်ကိုလည်း တိုးမြှင့်ပေးရန်အတွက် ဆွေးနွေးလျှက်ရှိသည်။

လုပ်အားခဈေးနှုန်းများကို တိုးမြှင့်ပေးရာတွင် ငွေကြေးဖောင်းပွနှုန်းထား၊ လုပ်အားခ၊ လောင်စာဆီဈေး၊ လူသုံးကုန်ပစ္စည်းဈေး၊ မော်တော်ယာဉ်ဈေးနှုန်းများကို အခြေခံထား၍ တွက်ချက်ပြီးမှာ ဘုတ်အဖွဲ့မှ ဈေးနှုန်းတိုးပေးရေးကို စဉ်းစားရသည်ဟုဆိုသည်။

လုပ်အားခ တိုးမြှင့်ပေးရန်အတွက် စာရင်းမတင်ထားသော ခရိုင် ၂၀ မှာ ကလဆင်၊ ချိုင်းရ ဘွန်၊ သာတ်၊ နခုန်းဖနုန်၊ နလာထိဝတ်၊ ပကျုပ်ခီလီခန်၊ ပတ်သာနီ၊ ရလား၊ ဖယောင်း၊ လမ်း ပန်း၊ ဆီဆကတ်၊ ဆုန်ခလာ၊ ဆုခိုထိုင်း၊ ဆူဖန်ဘူရီ၊ အန်နကျေလင်း၊ အုဒုန်းဌာနီ၊ အုသ လာဒစ်နှင့် အုဘွန်ရာဌာနီတို့ဖြစ်သည်။

တိုးမြှင့်ပေးလိုက်သည့် လုပ်အားခဈေးများကို နှစ်သစ်ကူး ဇန်န၀ါရီလ၁ ရက် ၂၀၀၈ ခ ခုနှစ် တွင် စတင်၍ အကျိုးခံစားခွင့်ရမည်ဖြစ်သည်။၂၀၀၈ ခုနှစ်အတွက် လုပ်အားခ ဈေးနှုန်းများ တိုးမြှင့်ပေးပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တက်လာပါကလည်း လုပ်အား ခဈေးနှုန်းများကို ဆက်လက်တိုးမြှင့်ပေးမည်ဟု ပြောဆိုသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb