|
|
|
မြန်မာအဆိုတော်များ ဖူးကက်မြို့တွင်လာရောက်ဖျော်ဖြေမည့်အစီအစဉ် လုံခြုံရေး အခြေအနေကြောင့် ခေတ္တရပ်ဆိုင်းထား
သြဂုတ်လ ၂၃၊ မန်နေဂျာအွန်လိုင်း
မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော်များ ဖူးကက်တွင်လာရောက်ဖျော်ဖြေမည့် အစီအစဉ် အား ကမ္ဘာလှည့်ခရီးသွားများနှင့် လတ်တလော လုံခြုံရေးအခြေအနေများကြောင့် ဖျက် သိမ်း လိုက်ရသည်ဟု မန်နေဂျာအွန်လိုင်း သတင်းတွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံရေဒီယိုအသံလွှင့်ဌာနတွင် မြန်မာပိုင်းအစီအစဉ်ဘာသာပြန်သူနှင့် သတင်းကြေ ငြာသူအဖြစ် တာဝန်ထမ်းဆောင်နေသူ မမေကျော့သင်း က သြဂုတ်လ ၂၃ ရက် နေ့တွင် ဖူးကက်လက်ထောက်မြို့တော်ဝန် နိုင်ဝလာဖုတ်လတ်ဆီမား ထံသွားရောက်၍ မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော်များ လာရောက် ဖျော်ဖြေရေး ကိစ္စအတွက် ဆွေးနွေးခဲ့သည်။
မမေကျော့သင်းက “စတိတ်ရှိုးကို အရင်တုန်းက ၂ ကြိမ် ကျင်းပပြီးသွားပြီး၊ ရနောင်းနဲ့ ဆမုတ်ဆာခွန်းမှာ၊ စတိတ်ရှိုးကျင်းပတဲ့ နေရာတ၀ိုက်မှာ လာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံ သားတွေက တော်တော်လေး စိတ်ဝင်စားတယ်၊ တကြိမ်ကျင်းပတိုင်း ပရိသတ် ၅၀၀၀ လောက် လာကြတယ်၊ ဒီနှစ်က ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၀ ပြည့်တဲ့နှစ် အထိမ်း အမှတ်အဖြစ် အနေနဲ့ ကျင်းပတာလည်း ဖြစ်တယ်၊ ခန့်မှန်းတာတော့ စက်တင်ဘာလ လောက်မှာ ဟင်တံတားနားမှာ ကျင်းပ ဖြစ်ပါ လိမ့်မယ်” ဟုပြောသည်။
“ဖူးကက်က တခြားမြို့တွေနဲ့မတူဘူး၊ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ နေရာဖြစ်တယ်၊ အလုပ်သမားတွေအတွက်လည်း ဥပဒေအရ ကန့်သတ်ထားချက်တွေ ရှိနေတယ်၊ အလုပ်လုပ်ပြီးရင် သူတို့နေတဲ့ နေရာမှာသာ နေရမယ်လို့ ကန့်သတ်ထားတယ်၊ တကယ်လို့ အဲဒီအလုပ်သမားတွေလာပြီး ပွဲကြည့်မယ်ဆိုရင် အလုပ်ရှင်တွေ အကုန်လုံးက အစိုးရတာဝန်ရှိတဲ့သူတွေဆီမှာ လာပြီး ခွင့်တောင်းရမယ်၊ ပြောရမယ်ဆိုရင် တော်တော် ခက်ခဲတယ်၊ အဲဒီအပြင် နိုင်ငံတော်ရဲ့လုံခြုံရေး၊ ပွဲတော်လာတဲ့သူတွေ ဘေးအန္တရာယ်ကင်း ဝေး ရေး ကလည်း ရှိနေသေးတယ်” ဟု နိုင်ဝလာဖုတ် ကပြောသည်။
ဖူးကက်မြို့သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်အပန်းဖြေရာ ဒေသဖြစ်ခြင်း၊ ယခင် ကလည်း ထိုင်းအဆိုတော်များ လာရောက်ဖျော်ဖြေရာတွင် လုံခြုံရေးထူထပ်စွာချထား သော်လည်း လူငယ်များ အချင်းချင်း စကားများ ရန်ဖြစ်ကြသည့်အတွက် မြို့တော် နာမည် ပျက်ရသည်ဟုလည်း ပြောသည်။
ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမည့် ပွဲတော်မျိုးကျင်းပမည်ဆိုပါက ၎င်းအနေဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ဘာသာရေးအခမ်းအနားများဆိုပါကလည်း ၎င်းအနေဖြင့် အားပေးသည်ဟု ဆိုသည်။
|
|

December 2009 issue March 2010 special issue




|