|
|
နစ်နာကြေးစုဆောင်ထားသောအသင်းများအနေဖြင့် နိုင်ငံခြားသားအလုပ်သမား နစ်နာကြေးအတွက် လမ်းဖွင့်ပေးသင့်ဟု လူ့အခွင့်အရေးကော်မရှင်က အကြံပြု
အောက်တိုဘာ ၂၄၊ မသီချွန်းသတင်းစာ
လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကြောင့် ကိုယ်အင်္ဂါ မသန်မစွမ်းဖြစ်သွားသော မြန်မာ နိုင်ငံသား ရှမ်းအမျိုးသမီးတဦးဖြစ်သူ နန်းနုန်မိုင်ဆင် ၏ နစ်နာကြေးရလိုမှုအတွက် တိုင် ကြားစာကို ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စီစစ်မှုများပြုနေသည်ဟုဆိုသည်။
၎င်းမှာ ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံတွင်လာရောက် အလုပ်လုပ်ခဲ့ပြီး ထိုင်းအစိုးရ အသိအ မှတ်ပြု အလုပ်သမားလက်မှတ်ကိုလည်း ၂၀၀၄ ခုနှစ်တွင် မှတ်ပုံတင်ပြီး တနေ့လုပ်အားခ ဘတ် ၁၃၀ ဖြင့် (ချင်းမိုင်တွင် တရက် လုပ်အားခ ၁၅၅ ဘတ်) အလုပ်လုပ်ကိုင်ခဲ့သည်။
နန်းနုန်မိုင်ဆင် သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေ ၁၂ ထပ်တိုက်ပေါ်မှ ကွန်ကရစ်လောင်းသည့် ပုံစံခွက် ပြုတ်ကျလာသည့်အတွက်၊ နောက်ကျောရိုး ကျိုးသွားခဲ့သည့် အတွက် မဟာရာခ်ျဆေးရုံ တွင် တက်ရောက်၍ ဆေးကုသမှုခံယူခဲ့သည်။ ဆေးကုသရာတွင် အလုပ်သမားလက်မှတ် ရှိသည့်အတွက် ကျန်းမာရေးအာမခံလက်မှတ်ဖြင့် တက်ရောက်ကုသခဲ့သော်လည်း ခန္ဓာ ကိုယ်၏ ၇၀ % နှုန်းမှာ ပုံမှန်အနေအထားသို့ မရောက်ရှိတော့ဘဲ မသန်မစွမ်းသူ တယောက် အဖြစ်သို့ ရောက်ရှိသွားသည်။
“ချင်းမိုင်က လူမှုစောင့်ရှောက်ရေးအာမခံဌာနက ၂၀၀၇ ခုနှစ် ဂျူလိုင်လ ၂၀ ရက်နေ့မှာ အ လုပ်ရှင်က ကျမကို နစ်နာကြေးလစဉ်ပေးဖို့ အမိန့်ပေးတယ်၊ ပြီးခဲ့တဲ့ တလျောက်မှာတော့ အလုပ်ရှင်ဆီက ဘာအဆက်အသွယ်မှ မလုပ်လာဘူး၊ ကျမအမျိုးသားနဲ့ ကျမက အလုပ်အ တူတူလုပ်တာဆိုတော့ အလုပ်ရှင်ဆီမှာ နစ်နာကြေးပေးဖို့ပြောတော့ ပေးမယ်ပြောပြီးတော့ မပေးဘူး၊ နောက်အလုပ်ရှင်က အကြံပေးလာတာ ကျမနဲ့ အမျိုးသားကို မြန်မာပြည်ပြန်ဖို့ ဘတ် ၃ သောင်းနဲ့ လမ်းစရိတ် ၁ သောင်းပေးမယ်” လို့ပြောတယ်ဟု နန်းနုန်မိုင်ဆင်က ပြောသည်။
ဥပဒေအကျိုးဆောင်များက ပြောဆိုရာတွင် ခန္ဓာကိုယ်တစုံတရာထိခိုက် နစ်နာမှုများ ဖြစ် လာပါက နစ်နာကြေး ဘတ် ၄ သိန်းထိ ခံစားပိုင်ခွင့်ရှိသည်ဟုဆိုသည်။
လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ္စဆုနီချိုင်လွတ်က “တကယ်ဆို လူမှုစောင့်ရှောက် ရေး အာမခံဌာနအနေနဲ့ နန်နုန်ကို မသန်းမစွမ်းသူတွေကို ပြုစုပျိုးထောင်ပေးတဲ့ နေရာမှာ သွားထားသင့်တယ်၊ အခုဆို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ၊ လူ့အခွင့်အရေးဌာနကတော့ နန်နုန် အကြောင်းကို အလုပ်သမားဝန်ကြီးဌာနနဲ့ လူမှုစောင့်ရှောက်ရေးအာမခံဌာန အတွင်း ရေးမှူးဆီကို စာပို့ပေးထားတယ်၊ ၂၀၀၂ ခုနှစ်က အလုပ်သမားလက်မှတ် ရှိတဲ့သူတွေ နစ်နာ ကြေး ခံစားပိုင်ခွင့်ရှိတယ်၊ အသင်ဝင်လို့ ရတယ်လို့ ကြေညာထားတယ်၊ အဲဒါနဲ့ ယှဉ်ကြည့် မယ်ဆိုရင် ဒါစည်းကမ်းချက်ကို ချိုးဖောက်တာဖြစ်တယ်၊ နစ်နာကြေးအတွက် စုဆောင်း ထားတဲ့ ငွေတွေက နိုင်ငံခြားသားအလုပ်သမားအားလုံးနဲ့ဆိုင်တယ်၊ အလုပ်သမားတော် တော် များများက အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အလုပ်သမားလက်မှတ် တွေရှိတယ်၊ ဒါပေမယ့် တရားဝင် မိခင်နိုင်ငံကနေ လာအလုပ်လုပ်တဲ့ လက်မှတ်တော့ မဟုတ်ဘူး၊” ဟုဆိုသည်။
ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသား အလုပ်သမား သိန်းပေါင်းများစွာ ရှိသည့်အတွက် ယင်းတို့ ထိခိုက်မှုများဖြစ်ပါက နစ်နာကြေးကို ခံစားပိုင်ခွင့် ရှိသည်ဟု ဆိုပြီး ယခုဖြစ်စဉ်အား စံနမူနာ ယူသင့်သည်ဟု ဆိုပြီး နစ်နာကြေးအတွက်ပြဌာန်းထားသည့် ဥပဒေမှာ လူမှုစောင့်ရှောက် ရေးအသင်း၏ သော့ခတ် သိမ်းဆည်းခံထားရသည်ဟုလည်း ဆက်လက်ပြောဆိုသွားသည်။
|
|

December 2009 issue March 2010 special issue




|