TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

ရဲ၊ စစ်တပ်တို့ ပူးပေါင်းပြီး ဘန်ကောက်မြို့တော်လုံခြုံမှုအတွက် စစ်ဆင်ရေး ပြုလုပ်မည်
အောက်တိုဘာ ၂၆၊ မသီချွန်းသတင်းစာ

ဘန်ကောက်မြို့တော် လုံခြုံရေးအတွက် ရဲ စစ်တပ်တို့ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်မည်ဟု သိရသည်။

ဘန်ကောက်မြိုတော်ရဲနှင့် ဘန်ကောက်မြို့တော် အခြေစိုက်သည့် တပ်မ (၁) နှင့် မြို့တော် တာဝန်ရှိသူများ ပူးတွဲကျင်းပသည့် အစည်းအဝေးတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြို့တော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေမည့် မူးယစ်ဆေးဝါးပြဿနာ၊ နိုင်ငံခြားသားအ လုပ်သမားများခိုးဝင်နေမှု၊ ဗုံဖောက်ခွဲသူများနှင့် သံသယရှိသည့် ပစ္စည်းများ၊ သဘာဝဘေး အန္တရာယ်နှင့် ပင်လယ်ရေမျက်နှာပြင်တက်မှုကြောင့် ဘန်ကောက်မြို့တော်အတွင်း ရေကြီး မှု၊ အစိုးရ၀က်ဆိုက်များတွင် ကွန်ပျူတာကျွမ်းကျင်သူ ပညာရှင် (ဟက်ကာသမား) များ၏ ၀င်ရောက်နှောက်ယှက်မှု၊ အင်တာနက်၊ အီးမေးလ်၊ ဒေါင်းလုတ်လုပ်ယူသည့် သီချင်း၊ ဗွီဒီ ယို စသည့်တို့တွင် ဗိုင်းရပ်ပိုးများထည့်သွင်းပေးလိုက်သည့် ပြဿနာ စသည်တို့ကို စစ်ဆင် မှုတခုအနေဖြင့် နှိမ်နင်းသွားမည်ဟု ဆိုသည်။

အစည်းအဝေးသို့ ဘန်ကောက်မြို့တော် ရဲဌာနမှ ဒုရဲဗိုလ်မှူးကြီး အတ်စ၀င်ခွမ်မွန်း ၊ တပ်မ ၁ မှ ဒုဗိုလ်ချုပ်ကြီး ပရုတ်ကျန်ထအိုချား၊ မြို့တော်ဝန် မစ္စတာအဖီလတ်ကိုစယိုထင်း တို့တက် ရောက်ခဲ့သည်။

ဒုရဲဗိုလ်မှူးကြီး အတ်စ၀င်ခွမ်မွန်း က “ဒီနေ့ဟာ စစ်တပ်၊ ဘန်ကောက်မြို့တော်တာဝန်ရှိသူ တွေက ရဲတွေနဲ့ လက်တွဲဆောင်ရွက်တဲ့ သမိုင်းဝင်တဲ့နေ့ပဲ၊ အရင်တုံးက ပူးတွဲ လုပ်ဆောင် မယ်ဆိုတာ ပုံစံအနေနဲ့ပဲရှိတယ်၊ လူကြီးပိုင်းအတွင်းမှာ ပြောဆိုတာပဲရှိတယ်၊ နောက် မူး ယစ်ဆေးဝါးပြဿနာ၊ နိုင်ငံခြားသားအလုပ်သမားပြဿနာ ဆိုရင်လည်း ဘန်ကောက်မြို့ထဲ ကို ပြန်ဝင်လာပြီ အစိုးရတာဝန်ရှိသူတွေ ဘက်က အားနည်းတယ်ပဲပြောပြော ဘယ်လိုပဲ ပြောပြော” ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ပရုတ်ကျန်ကလည်း ရဲ၊ စစ်တပ်နှင် အစိုးရ၀န်ထမ်း၊ ပြည်သူများ ပူးပေါင်း ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် မူယစ်ဆေးဝါးနှိမ်နင်းမှုတွင်လည်း ပြည် တွင်းလုံခြုံရေးအတွက်တာဝန်ယူထာသည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှာ အားရစရာ ကောင်း သည် ဟုပြောဆိုသည်။ ပူးပေါင်းလုပ်ဆောင်မည်ဟုဆိုသော်လည်း ဥပဒေကြောင်းအရ ကန့်သတ်ထားချက်များရှိကြောင်း၊ ရဲ၏ တာဝန်ကို စစ်တပ်က ကူညီလုပ်ဆောင်ပေးခြင်း
သာဖြစ်သည်ဟု ပြောဆိုသည်။

ဘန်ကောက်မြို့တော်ဝန် မစ္စတာအဖိလတ်ကိုစယိုထင်းက မြို့ရွာအေးချမ်းသာယာရေးအ တွက် တက်ရောက်လာသည့် အဖွဲ့အစည်းသုံးခုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောဆိုပြီး ယခုအခါ အန္တရာယ်များသည် ပုံစံအမျိုးမျိုးဖြင့် ဘန်ကောက်မြို့တော်အတွင်း ၀င်ရောက်လာနေကြောင်း၊ ထိုပြဿနာများတွင် မူယစ်ဆေးဝါးပြဿနာ၊ အကြမ်းဖက်မှုပြ ဿနာနှင့် နိုင်ငံခြားသားအလုပ်သမားများ ဘန်ကောက်မြို့တော်အတွင်း ပြောင်းရွှေ့အခြေချ နေထိုင်မှုများ ပါဝင်သည်ဟု ပြောဆိုသည်။

ဖြစ်ပေါ်လာသည့် ပြဿနာများကို ရပ်ကွက်၊ မြို့ရွာ အာဏာပိုင်များအနေဖြင့် တဦးနှင့် တဦး အနီးကပ် လက်တွဲ၍ ပူးပေါင်းဖြေရှင်းသင့်သည်ဟု ပြောဆိုသွားသည်။

ယခုအခါ ဘန်ကောက်မြို့တော်၏ အရေးပါသည့် အစိုးရအဆောက်အဦးများနှင့် ဆနမ်လွမ်၊ ဘုရင့်နန်းတော်၊ လတ်ချာဒနင်လမ်းမတို့တွင် CCTV များတပ်ဆင်နေသည်ဟု သိရသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb