|
|
မဟာချိုင်းတွင် ဘ၀တူအလုပ်သမားများအပေါ် အနိုင်ကျင့်သူ မြန်မာ မာဖီးယား ၂ ဦးကို လူဝင်မှုကြီးကြပ်ရေးက ဖမ်းပြီ
၂၇ စက်တင်ဘာ ၂၇ ရက် ခုန်ချက်လိဒ်သတင်းစာ
မဟာချိုင်းမြို့ ပုဇွန်ဈေး (သလာတ်ကုန့်) အတွင်း မြန်မာအလုပ်သမားများထံမှ လစဉ်ရဲကြေး ကောက်ယူနေသူ ညွန့်ဝင်း (ခေါ်) အချိုင် နှင့်အပေါင်းအပါ နှစ်ဦးကို ဆမုတ်ဆာခွန်း လူဝင်မှု ကြီးကြပ်ရေး ရဲက ဖမ်းဆီးလိုက်သည်။
၎င်းတို့နှစ်ဦးသည် မဟာချိုင်မြို့အနီးတ၀ိုက်ရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်ရာ နေရာများဖြစ်သည့် ပုဇွန်ဈေး (သလာတ်ကုန့်)၊ အလုပ်သမားများနေထိုင်သည့် ကွန်ဒိုများ၊ အဆောက်အဦးများ၊ အလုပ်လုပ်ကိုင်နေသည့် အလုပ်ခွင်များသို့ ဆိုင်ကယ်ဖြင့် ရဲများကို ဦးဆောင်ခေါ်ပြီး ဖမ်းဆီးနိုင်ရန် လမ်းညွှန်သူများလည်း ဖြစ်သည်။
ဘ၀တူအလုပ်သမားများကို ဖမ်းဆီးရာတွင် ညွှန့်ဝင်း(ခေါ်) အချိုင် အသက် (၃၂) နှစ်၊ သီဟ အသက် (၃၀) နှစ် တို့မှာ အဓိက ဦးဆောင်သူများဖြစ်သည်ဟု ဒေသခံ မြန်မာအလုပ်သမား များက ခုန်ချက်လိတ်သတင်းစာကို ပြောသည်။ နောက်ဆုံးရသည့် သတင်းများအရ လူဝင်မှု ကြီးကြပ်ရေးရဲက တပါးသူကို အနိုင်ကျင့်၍ ပစ္စည်းလုယူမှု ပုဒ်မဖြင့် တရားစွဲ ဆိုထားသည်။
မြန်မာမာဖီးယား နှစ်ဦးဖြစ်သည့် သီဟကို ပုဇွန်ဈေး (သလတ်ကုန့်) အတွင်း ၃ ထပ်တိုက် အခန်းအမှတ် ၁၃ တွင်ဖမ်းဆီးခဲ့ပြီး ညွှန့်ဝင်းကို အုပ်စု (၇) ရှိမဟာချိုင်းဝီလာ ဈေးအတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ယင်းတို့နှစ်ဦးက အလုပ်ရှင်အိမ်မှ ထွက်ပြေးလာကြောင်းနှင့် အစိုးရ အရာရှိအချို့နှင့် ရင်းနှီး မှုရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးရဲတွင် ၀န်ခံထွက်ဆိုသည်။
ထို့ပြင် ခုန်ချက်လိတ်သတင်းထောက်က ၎င်းတို့နှစ်ဦးမှာ လက်မှတ်မရှိသူ ဘ၀တူ အလုပ်သ မားများထံမှ လစဉ်ငွေကောက်ခံခြင်း၊ အစိုးရအရာရှိ အချို့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု သတင်းပေးပို့ထားသည်။
လူဝင်မှုကြီးကြပ်ရေးရဲများကလည်း မဟာချိုင်းတွင် လက်မှတ်မရှိသူ နိုင်ငံခြားသား အလုပ် သမားများကို လက်မှတ်လုပ်ပေးမည်ဟု ပြောဆို၍ လူတဦးလျှင် ဘတ်ငွေ ၅၀၀ နှုန်း ကောက်ခံနေသူကို လိုက်လံစုံစမ်းနေသည်ဟု သိရသည်။
|
|

December 2009 issue March 2010 special issue




|