TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မြန်မာအချင်းချင်း အရက်မူးရန်ဖြစ်ရာမှ တဦး သေဆုံး
အောက်တိုဘာ ၂၉၊ ၂၀၀၇ ခုနှစ်၊ မန်နေဂျာအွန်လိုင်းသတင်း

ဘန်ကောက်မြို့ပထုန်ဝမ်ခရိုင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ မြန် မာလူမျိုးအချင်းချင်း အရက်မူးရန်ဖြစ်ရာမှ အရိုက်ခံရ၍ တဦးသေဆုံးသွားသည်ဟု သိရ သည်။

ဖလမ် (၁) လမ်းမ၊ ပထုန်ဝမ်အပိုင်၊ ပထုန်ဝလာလမ်ဘုန်းကြီးကျောင်းအနီး အောက်တိုဘာ ၂၈ ရက်ည ၉ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့သည်။ လူသတ်မှုဖြစ်သည့်နေရသို့ ပထုန်ဝမ် ရဲစ ခန်းမှ ရဲဗိုလ်မှူးကြီး ချွန်ဖုန်းကန်ကျနာလတ်ကနှင့် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် လာရောက်စစ်ဆေးခဲ့သည်။

အရိုက်ခံရ၍ သေဆုံးသွားသော မြန်မာနိုင်ငံသားဟု ယူဆရသူ

သေဆုံးသူမှာ အသက် ၂၅-၃၀ နှစ်ခန့်ရှိသည်ဟု ယူဆရပြီး မျက်နှာအောက်သို့ ငိုက်စိုက် ကျသေဆုံးပြီး အဖြူရောင်အင်္ကျီနှင့် ဘောင်ဘီအမည်းရောင်ကို ၀တ်ဆင်ထားသည်။ အရိုက် ခံထားရသည့် ဒဏ်ရာကြောင့် ဦးခေါင်းတွင် ကွဲပြဲသွားပြီး သွေးအမြောက်အများ ယင်းနေ ရာတွင် ထွက်ကျနေသည်ဟု ဆိုသည်။ သေဆုံးသူ၏ ခန္ဓာကိုယ်မှ သက်ဆိုင်သည့် စာရွက် စာတမ်းအထောက်အထားများကို မတွေ့ရဘဲ ဖုန်းတလုံးနှင့် မီးချစ်တခုကိုသာ တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

အခင်းမဖြစ်ပွားမီက သေဆုံးသူမှာ သူငယ်ချင်း ၃-၄ ဦးနှင့်အတူ အရက်သောက်နေစဉ် လူ အုပ်စု၏ သစ်သားတုတ်ဖြင့် ရိုက်ခြင်းကိုခံနေပြီး ရိုက်သူများမှာလည်း ထွက်ပြေးသွားသည်။

သေဆုံးသူ၏ ကိုယ်ခန္ဓာအတွင်းမှ ၎င်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို မတွေ့ရှိရ သည့်အတွက် သေဆုံးသူမှာ မည်သူဖြစ်သူကို မပြောနိုင်ကြောင်းနှင့် ရပ်ကွက်ကလည်း မသိရှိဟုဆိုသည်။ ခန့်မှန်းပြောဆိုသူများက သေဆုံးသူမှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ် ကိုင်သူ မြန်မာလူမျိုးတဦးဟု ပြောဆိုပြီး တာဝန်ရှိသူများကမူ အလောင်းကိုစစ်ဆေးရန် ရဲ ဆေးရုံသို့ ပို့ဆောင်လိုက်သည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb