|
|
|
ထိုင်းနိုင်ငံရှိမြန်မာကလေးများ ပညာရေးသုတေသနအကြောင်း ကျူလာလောင်ကွန် တက္ကသိုလ်တွင် ဆွေးနွေး
သြဂုတ် ၃၀၊ အောင်ကျော်စိုး
သြဂုတ်လ ၃၀ ရက်နေ့က ကျူလာလောင်ကွန်းတက္ကသိုလ် ဆာလနီထေ့ဖ် အစည်းဝေးခမ်း မ၌ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများ၏ သားသမီး များ ပညာသင်ယူနိုင်မှုနှင့်ပတ်သက်၍ တီအေစီဒီဘီက ၆ လတာ ပြုစုထားသည့် သုတေသ နစာတမ်း ဖတ်ပွဲကို ကျင်းပခဲ့သည်။
၎င်းစာတမ်းအား ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအများဆုံးနေထိုင်သည့် မဟာချိုင်း၊ ခုလဘူရီနှင့် မဲဆောက်/ရှိ အသက် ၁၈ နှစ်အောက် မြန်မာကလေးများထံသွားရောက် တွေ့ဆုံမေးမြန်း၍ စာအုပ်ပြုစုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ ညွှန်ကြားရေးမှူးဖြစ်သူ နိုင်ဖွန်ချိုင်း သန်သိဝိထယားဖိထတ် က “ထိုင်းလူ့အဖွဲ့အစည်းက နိုင်ငံခြားသား အလုပ် သမားကလေးတွေပညာရေးနဲ့ ပတ်သက်လို့ အမြင်သိပ်မကျယ်သေးဘူး၊ နောက်ပြီး ဒီမှာ လာအလုပ်လုပ်တဲ့ အလုပ်သမားတွေကိုယ်တိုင် သူတို့သားသမီးတွေ ကျောင်းထားနိုင် လောက်အောင် စီးပွားရေးအင်အားမရှိဘူး၊ အစိုးရတခုတည်းက ဒီကိစ္စအားလုံးကို လုပ်နိုင် မှာ မဟုတ်ဘူး၊ အဲဒါကြောင့် အစိုးရအနေနဲ့ အပြင်က ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေး မယ်ဆိုရင် တော်တော်လေး အဆင်ပြေမယ်လို့ မြင်တယ်၊” ဟုပြောသည်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ ညွှန်ကြားရေးမှူးဖြစ်သူ နိုင်ဖွန်ချိုင်း သန်သိဝိထယားဖိထတ် ကသုတေသနစာတမ်းအားတင်ပြဆွေးနွေးစဉ်
၂၀၀၅ ခုနှစ် ဂျူလိုင်လ ၅ ရက်က ထိုင်းအစိုးရအဖွဲ့က နိုင်ငံအတွင်းရှိ လက်မှတ်မရှိသူနှင့် လက်မှတ်ရှိသူ ကျောင်းနေ အရွယ် နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးအားလုံး ထိုင်းကျောင်းများတွင် တက်ရောက်သင်ကြားနိုင်သည်ဟု ကြေငြာထားသည်။
ဥပဒေပြဌာန်းထားသော်လည်း ယင်းဥပဒေသည်အကောင်အထည်ဖေါ်သူများနှင့် ကျွမ်းဝင်
မှုမရှိခြင်း၊ အစိုးရဌာနဆိုင်ရာ အသီးသီး၏ ပူးတွဲဆောင်ရွက်မှုမရရှိခြင်း စသည့်အချက်များ ကို တွေ့ရှိရသည်ဟု ၎င်းကပြောသည်။ ထို့ပြင် ထိုင်းစာသင်ကျောင်းများတွင် သွားရောက် သင်ကြားရာတွင် ကျောင်းသားနှင့်ပတ်သက်၍ စာရွက်စာတမ်း အထောက်အထားများ လို အပ်ခြင်း၊ အစိုးရဌာန၏ ထောက်ခံချက်ပါမှသာ ပညာသင်ကြားနိုင်ခြင်း စသည်တို့သည် မြန်မာကလေးများ ထိုင်းစာသင်ကျောင်းများတွင် တက်ရောက်သင်ကြားရာတွင်အခက်အခဲ ဖြစ်စေသည်ဟု ၎င်းကပြောသည်။
ယင်းသုတေသနစာအုပ်တွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာကလေးများ၏ ပညာသင်ယူမှုများ တွင် အအောင်မြင်ဆုံးဒေသမှာ မဲဆောက်ဒေသဖြစ်သည်ဟုပြောဆိုကြသည်။ မဲဆောက် ဒေသတွင် မြန်မာကလေးများ ပညာသင်ယူ နိုင်ရန် ကျောင်းပေါင်း ၅၀ ကျော်ဖွင့်လှစ်ထား ပြီး ကျောင်းသားပေါင်း ၆,၀၀၀ ကျော် ပညာသင်ကြားနေသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။

အခမ်းအနားသို့တက်ရောက်လာကြသူများ
ကျူလာလောင်ကွန်းတက္ကသိုလ် အာရှသုတေသနလေ့လာရေးဌာနမှ ဆရာမတဦးဖြစ်သူ ဖုန်ဖိမွန်သလီချို့က “မဲဆောက်က ကျောင်း ၅၀ ဖွင့်ပြီးစာသင်နေတာကတော့ ကောင်းတဲ့ အချက်ပဲ၊ ဒါပေမယ့် ဒီကျောင်း ၅၀ က သင်တဲ့စနစ် မတူညီတာက ပြဿနာ၊ သူတို့ရဲ့ပညာ သင်ကြားရေးက မတူညီတဲ့အတွက် ဘယ်လိုသတ်မှတ်မလဲ၊ ဒီကျောင်းကထွက်တဲ့ ကလေး ကို ထိုင်းကျောင်းမှာ သွားတက်ရင် ဘယ်အတန်းမှာ သွားတက်မလဲ၊ အစိုးရကရော ဘယ် လိုသတ်မှတ်ပြီး ကူညီမှာလဲ၊ နောက် မဟာချိုင်းဘက်မှာ သုတေသနပြုချက်အရ ဗမာ
ကလေးတွေက ထိုင်းကလေးတွေနဲ့ ကျောင်းအတူမတက်ချင်ဘူး၊ ဗမာကလေးအချင်းချင်း
ပဲသင်ချင်တယ်၊ ပုဂ္ဂလိကျောင်းတွေ ဖွင့်တာတော့ အကောင်းဆုံးလို့ မြင်တယ်၊” ဟုလည်း ပြောသည်။
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ ကလေး စုစုပေါင်း ၇၇,၀၂၈ အစိုးရက ခန့်မှန်းပြောဆိုပြီး မြန်မာအလုပ်သမားများအရေးကို လုပ် ဆောင်နေသူများကမူ ၁၂၅,၀၀၀ ဦး ရှိသည်ဟု ပြောဆိုကြသည်။
လွန်ခဲ့သည့်နှစ်က ထိုင်းအစိုးရပညာရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ မြန်မာ ကလေး ၂၇,၃၀၈ ဦးသာ ထိုင်းကျောင်းများတွင် တက်ရောက်သင်ကြားသည်ဟုသိရသည်။
|
|

December 2009 issue March 2010 special issue




|