|
|
သူငယ်ချင်းဖြစ်သူကိုသတ်၍ ထွက်ပြေးသူ မြန်မာ (၃) ဦး မီးရထားတိုက်၍နေရာတွင်သေဆုံး
စက်တင်ဘာ ၃၀၊ ၂၀၀၇ ၊ မသီချွန်သတင်းစာ
စက်တင်ဘာလ ၂၈ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်တွင် ပထုန်ဌာနီခရိုင်၊ ထန်ဘူရီမြို့နယ်၊ ပချာထိပုတ်ကျေးရွာအုပ်စု ပသူနမ့်ကျူလာလောင်ကွန်းရဲစခန်းမှ တာဝန်ကျရဲဗိုလ် ဖိနစ် အုမ်ဘန်သလာတ်ထံသို့ မီးရထားအတိုက်ခံရ၍ လူအများသေဆုံးသည်ဟု သတင်းရခဲ့ သည်။
မီးရထားတိုက်ခံရသည့်နေရာမှာ ပထုန်ဌာနီခရိုင် လမ်လုကာမြို့နယ်၊ ခူခုတ်ကျေးရွာ၊ အုပ်စု အမှတ် ၁၆ ပယူထလမ်ဘုန်းကြီးကျောင်းလမ်း နောက်ဘက်ရှိ မီးရထားလမ်းဘေးတွင် ဖြစ် သည်။
လူ (၃) ဦးသေဆုံးသည့်နေရာဘေးတွင်လည်း ဘန်ကောက်မှ နောင်ခိုင်းသို့ မောင်နှင်သွား မည့် မီးရထား အမှတ် ၆၉ ကို ရပ်ထားပြီး သေဆုံးသွားသူများထံမှ မည်သည့် အထောက် အထား စာရွက်စာတမ်းတခုကို မျှ ရရှိခြင်းမရှိဟုသိရသည်။
မီးရထားမောင်းနှင်လာသူ မစ္စတာ မဟီစုန်ချိုင်ဖတ်က“မီးရထားကို ဟိုဝါလမ်းဖုန်းကနေ နောင်ခိုင်းသို့ သွားဖို့ မောင်းထွက်လာတာ၊ ဒီနေရာကိုရောက်တော့ အခုသေနေတဲ့သူတွေ အားလုံးက ပြေးလာတာကိုတွေ့ရတယ်၊ မီးရထားနဲ့ သူတို့နဲ့က တအားကပ်သွားပြီ ဘယ်လို မှ ရထားကို ရပ်လို့မရဘူး၊ နောက်တော့ သူတို့ (၃) ယောက်ကို တိုက်မိပြီး သေတာပဲ” ဟု ပြောသည်။
ခူခုတ်ရဲခစန်းမှ တာဝန်ကျ ရဲဗိုလ်ဖြစ်သူ ဆမ်ဖုန်ပါပနိုင်က အခင်းဖြစ်ပွားသည့်နေရာသို့ လာရောက်စစ်ဆေးပြီး ပြောဆိုရာတွင် သေဆုံးသူ (၃) ဦးမှာ မြန်မာလူမျိုးများဖြစ်ကြောင်း၊ ဆီမုန်မွန်ဈေးအတွင်း အလုပ်လုပ်နေသူများဖြစ်ကြောင်းနှင့် အခင်းမဖြစ်ပွားမီက သေဆုံးသူ ၃ ဦးလုံးမှာ ၀တ်ပယူထမလမ်လမ်းအတွင်း ကိုသွေး အသက် ၂၇ နှစ်ရှိသူနှင့် အတူထိုင်ကာ အရက်သောက်ပြီး အချင်းများရန်ဖြစ်ရာမှ ပေါက်ပြားဖြင့်ခုတ်သတ်သဖြင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြောဆိုသည်။ ထို့နောက် ယင်းတို့ ၃ ဦးမှာ လူသတ်မှုကျူးလွန်ပြီးနောက် ထွက် ပြေးသွားစဉ် မီးရထားတိုက်မိ၍ သေဆုံးသွားသည်ဟု ဆက်လက်ပြောဆိုသည်။
|
|

December 2009 issue March 2010 special issue




|