TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

ရဲအင်အား ၇၀၀ က မဟာချိုင်း ပုဇွန်ဈေး ၀န်ကျင် ပင်လယ်အစားအစာ စက်ရုံ များမှ မြန်မာအလုပ်သမား ၁၂၀၀ ကျော်ကိုဖမ်းဆီး
အောက်တိုဘာ ၃၁၊ မန်နေဂျာအွန်လိုင်းသတင်း

မဟာချိုင်တွင် လာရောက်အလုပ်လုပ်ကိုင်ရှာဖွေစားသောက်သူ နိုင်ငံခြားသား အလုပ်သမား များမှာ ဒေသခံလူထက်များသည်ဟု သတင်းစာတစောင်တွင် အစီရင်ခံသည့်အတွက် ရဲအင် အား ၇၀၀ ခန့်က သလာတ်ကုန့် (ပုဇွန်ဈေး) နှင့် အနီးဝန်ကျင် စက်ရုံများမှ မြန်မာအလုပ် သမား ၁၂၀၀ ကျော်ကို ယနေ့နံနက်တွင် ဖမ်းဆီးလိုက်သည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗဟိုရဲစစ်ဆေးရေးအုပ်ချုပ်ရေးမှူး ရဲဗိုလ်မှူး ဆူ ချာ့မွန်ကဲယောက် နှင့် ရဲဗိုလ်မှူး ကျလန်ဖွန် ဆုလားမနီ က ရဲတပ်သား ၇၀၀ ကျော်ကို ဦး ဆောင်၍ အလုပ်သမားများနေထိုင်သည့် အဆောက်အဦးများကို ပိတ်၍ တရားမ၀င် အ လုပ်သမားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်သား ၇၀၀ ကို သုံးဖွဲ့ခွဲ၍ သလာတ်ကုန့်နှင့် ၅ ကီလိုမီတာ ၀န်ကျင်ကို နေရာဖြန့် ရှာ ဖွေခြင်းဖြစ်ပြီး အနီးဝန်ကျင်မှ ပီအင်ပီ ပင်လယ်အစားအစာစက်ရုံ၊ အအေးခန်းစက်ရုံနှင့် ရပ်ကွက်အတွင်းရှိ နိုင်ငံခြားသားအလုပ်သမားများ နေထိုင်သည့် အိမ်များကို ရှာဖွေဖမ်းဆီး ခြင်းများပြုခဲ့သည်။

တာဝန်ရှိရဲများက လတ်တလောတွင် မြန်မာအလုပ်သမား အမျိုသား၊ အမျိုးသမီး ၁၂၀၀ နှင့် ကလေး ငယ် ၃၀ ကိုဖမ်းဆီးထားပြီး တရားဝင်နေထိုင်ခွင့်လက်မှတ် ရှိမရှိကို စစ်ဆေးနေ သည်။

အလုပ်သမားများအား ရှာဖွေဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ ရဲဗိုလ်မှူး ဆူချာ့မွန်ကဲယောက် “သတင်းစာတစောင်က ရေးထားတဲ့ သတင်းတပုဒ်မှာ မဟာချိုင်းမှာ နိုင်ငံခြားသား အလုပ် သမားများက ဒေသခံတွေထက်များတယ်လို့ ဖတ်ရတယ်၊ ရဲဌာနက အလုပ်သမားဝန်ကြီး ဌာနမှာ စာရင်းတင်ထားတဲ့အလုပ်သမား ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးကြည့်တယ်၊ တရားဝင် စာရင်းမှာ ဆမုတ်ဆာခွန်းတခုလုံးမှာမှ လူ ၇၀,၀၀၀ ကျော်ပဲ မှတ်ပုံတင်ထား တယ်၊ ဆိုလိုတာကတော့ လိုအပ်တာထက် ပိုများတယ်လို့ ပြောရမယ်၊ နောက်ပြီး တရားမ ၀င် လုပ်ထားတဲ့ အလုပ်သမားလက်မှတ်တွေကို လည်း စစ်ဆေးပြီးဖမ်းရမယ်၊ အဲဒီကနေ တရားမ၀င်အလုပ်သမားလက်မှတ်တွေ လုပ်ပေးတဲ့ ကွင်းဆက်တွေကိုပါ ဆက်ပြီး ဖမ်းသွား မယ်” ဟု ပြောသည်။

ယခု ဖမ်းဆီးမှုများပြုရာတွင် သလာတ်ကုန့် (ပုဇွန်ဈေး) အတွင်းမှ မြန်မာဘုန်းတော်ကြီး နှစ်ပါးကို ဖမ်းဆီးမိပြီး ဆရာတော်များကမူ ဆွေမျိုးများထံ လည်ပတ်ခြင်းနှင့် ကုသိုလ်ပြု၍ ရောက်လာခြင်းဖြစ်သည်ဟုဆိုပြီး တာဝန်ရှိသူများကမူ မြန်မာအစိုးရအား ဆန့်ကျင်ဆန္ဒပြ ရန်အတွက် စည်းရုံးသူများ ဟုတ် မဟုတ်ကိုလည်း စစ်ဆေးသွားမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်ရှိသူများကို ပြန်လည်လွှတ်ပေးပြီးနောက် လက်မှတ်မရှိသူ ၁၂၃ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့သည်။ အချို့ လက်မှတ်မရှိသူများ ထွက်ပြေးကုန်သည်ဟု နေ့ခင်းပိုင်း မန်နေဂျာအွန်လိုင်းသတင်းတွင်ဖေါ်ပြထားသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb