|
|
မြန်မာပြည်တွင်း လောင်စာဆီဈေးကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံတွင်းမှ ဆီများ တရားမ၀င်လမ်းကြောင်းမှ ခိုးထုတ်မသွားနိုင်ရန် တင်းကြပ်မည်
စက်တင်ဘာ ၄၊ မသီချွန်သတင်းစာ
ချင်းရိုင်းခရိုင်ကုန်သွယ်ရေးဒုတိယဥက္ကဌဖြစ်သူ နိုင်ဘွန်ထမ်ထစ်ပဆုန်က မကြာသေးမီကာ လအတွင်း မြန်မာနိုင်ငံအတွင်း ဆီဈေးကို တဆခန့်တိုးမြှင့်မှု၏ အကျိုးဆက်အဖြစ် နယ်စပ် မြိုဖြစ်သော တာချီလိတ်တွင် ယခင်ကထက် စက်သုံးဆီဈေးများ ထိုးတက်သွားသည်ဟု
ပြောသည်။

နိုင်ဘွန်ထမ်ထစ်ပဆုန်
ဒီဇယ်နှင့်ဘင်ဇင် စက်သုံးဆီ တဂါလံလျှင် ကျပ် ၁,၅၀၀ မှ ကျပ် ၃,၀၀၀၊ ၄,၀၀၀ ထိ အစိုးရ က သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ မြန်မာအစိုးရက တိုးမြှင့်ခဲ့သည်။
“ဆီတွေအများစုက ထိုင်းနိုင်ငံကနေ တင်သွင်းတာ၊ အရင်တုန်းကတော့ ဆီရောင်းဈေးက ထိုင်းဘက်အခြမ်းထက် ပိုဈေးချိုတယ်၊ ဆီဈေးတက်သွားတော့ ကုန်ပစ္စည်းဈေးတွေလည်း တက်သွားတယ်၊ လက်ရှိ ဆီဈေးက မြန်မာပြည်က ၀င်ငွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တော် တော်လေးကို မြင့်တယ်၊ ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်တယ်၊ ရေရှည်မှာဆိုရင် တော့ ဒီက ပို့ကုန်တွေ ကျဆင်းနိုင်တယ်၊ မြန်မာဘက်က ၀ယ်လိုအား လျော့ကျသွားမယ့် အလားအလာရှိတယ်၊” ဟု ချင်းရိုင်းခရိုင် ကုန်သွယ်ရေးဒုဥက္ကဌဖြစ်သူ နိုင်ဘွန်ထမ်က ပြော သည်။
ယခင်က ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ တလလျှင် ဘတ်ငွေ ၁၀ သန်းမှ သန်း ၃၀ ကြားရှိ စက်သုံးဆီများကို တင်ပို့နေပြီး ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ သန်းပေါင်း ၂၅၀ တန်ဘိုးရှိ လောင်စာဆီ များကို မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။
စက်သုံးဆီဈေးများ ထိုးတက်လာမှုကြောင့် ထိုင်းနိုင်ငံအတွင်းမှ ဆီများ မြန်မာနိုင်ငံတွင်းသို့ တရားမ၀င် ခိုးသယ်ထုတ်မသွားနိုင်စေရန် အတွက်လည်း နယ်စပ်ကုန်သွယ်ရေးက တင်းကြပ်သွားမည်ဟု ဆိုသည်။
ဆီဈေးတက်သွားသည်နှင့် တပြိုင်နက် နယ်စပ်ဒေသရှိ ငွေလဲလှယ်ဒိုင်များတွင် ထိုင်းငွေနှင့် မြန်မာငွေလဲလှယ်နှုန်းမှာ ကျပ် ၁၀၀ လျှင် ဘတ် ၂.၅၀ မှ ၂.၆၀ သာ ရှိသည်ဟုသိရသည်။
|
|

December 2009 issue March 2010 special issue




|