TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်များ

နာမည်ကြီး အဆိုတော် ထားထားရင် နှင့် ဂျောင်ဂျီဟုန် တို့နှစ်ဦး လူကုန်ကူးမှု တိုက် ဖျက်ရေး ပူးပေါင်း ပါဝင်မည်
သြဂုတ်လ ၉၊ ရိုက်တာသတင်းဌာန

Ya Ya Youngအာရှတိုက်၏ နာမည်ကြီး ပေါ့အဆို တော် နှစ်ဦး ဖြစ်သည့် ထိုင်းနိုင်ငံသူ ထားထား ရင် (Tata Young) နှင့် တောင်ကိုးရီး ယား အဆိုကျော် ဂျောင်ဂျီဟုန်း (Jung Ji Hoon) သို့မဟုတ် (Rain) တို့နှစ်ဦးက အာရှတိုက်တ၀န်း လူကုန်းကူး မှုတိုက် ဖျက်ရေး လှုံဆော်မှုတွင် ပူးပေါင်းပါဝင် မည်ဟု သြဂုတ်လ ၈ ရက်နေ့က ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

ယ္ခု လောလောဆယ်တွင် ထားထားရင် သည် MTV လူငယ်ပိုင်း သီချင်းဏ္ဍနှင့် ပညာပေး အစီအစဉ်အတွက် အစီအ စဉ်မှူး တဦးအဖြစ် တာဝန်ယူ ဆောင် ရွက် နေသည်။ လူကုန်ကူးမှု နှင့် ပတ်သက်၍ ၎င်းက ပြောကြားရာတွင် “တော်တော် လေးကို ကြောက်ဖို့ကောင်းတယ်၊ ပြောမယ်ဆိုရင် ခေတ်သစ် ကျွန်စနစ် တမျိုးပါ” ဟု ရိုက်တာ သတင်းဌာနနှင့် တွေ့ဆုံ မေး မြန်း ခန်းတွင် ပြောဆိုပြီး ကိုးရီးယားနိုင်သား နာမည်ကြီးအဆိုကျော် ဂျောင်ဂျီဟုန် လည်း ပူးတွဲ လုပ်ဆောင်မည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) က ကုလသမဂ္ဂက ထုတ်ပြန်သည့် စာရင်း ဇယားများကို ကိုးကား၍ ပြောကြားရာတွင် လူ ၂ သန်း ၅ သိန်းကျော် ပမာဏရှိသော လူ များမှာ အလုပ်သမားနှင့် ပြည်တန်ဆာ လုပ်ငန်းများတွင် အတင်းအကြပ် စေခိုင်းခြင်းကို ခံနေရပြီး အဆိုပါ လုပ်ငန်းများမှ ငွေလည်ပတ်မှု ပမာဏမှာ ဒေါ်လာသန်း ပေါင်း ၇,၀၀၀ မှ ၁၀,၀၀၀ (ထိုင်းဘတ်ငွေ သန်းပေါင်း ၂၃၈,၀၀၀ သန်းမှ ၃၄၀,၀၀၀ သန်း) ထိ ရှိသည်ဟု ဆိုသည်။

မြန်မာ၊ လာအို၊ ကမ်ပူးချား နိုင်ငံတို့မှ ကလေးနှင့် အမျိုးသမီးများမှာ လူကုန်ကူးသူများ၏ အဓိက သားကောင် ဖြစ်နေရပြီး ယင်းတို့ကို လိမ်လည် လှည့်ဖျား၍ သြစတေးလျား၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုးရီးယားနှင့် ထိုင်ဝမ် နိုင်ငံတို့ရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းနှင့် လုပ်အားကို အဓိကထား အသုံးပြုရသော လုပ်ငန်းခွင်များတွင် အလုပ်သမား များ အဖြစ် အရောင်းစား ခံနေ ကြရသည်။ 

TACDB publication

Labour

Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb