|
|
ဖတ်ထလုန်မြို့သားများက မလေးရှားသို့သွားရောက်မည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး၍ ရဲစခန်းပို့
အောက်တိုဘာ ၁၅၊ ၂၀၀၇ ခုနှစ်၊ မန်နေဂျာအွန်လိုင်းသတင်း
မလေးရှားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း ဘက်မှ ပွဲစားဖြင့်ရောက်လာသူ မြန်မာနိုင်ငံသားများကို ဖတ်ထလုန်မြို့သားများက ဖမ်းဆီး၍ ရဲစခန်းသို့ ပို့လိုက်သည်။
ဖတ်ထလုန်ခရိုင်၊ ဖတ်ထလုန်မြို့ အုပ်စု ၁၊ ချိုင်ဘုရီကျေးရွာအုပ်စုမှ ရပ်ကွက်သူ ရပ်ကွက် သား ၅၀ ခန့်က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်နေသူ မြန် မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦး၊ ကလေး ၄ ဦးကို ဖမ်းဆီး၍ ဖတ်ထလုန်မြို့ ရဲစခန်း ရဲဒုဗိုလ်ချရာနွန်ထောင်ထင် ထံတွင် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံပြင်ပ ပြန်လည်ပို့ဆောင်ရန် အပ်နှံလိုက်သည်။
ဖမ်းဆီးမိသူ မြန်မာအလုပ်သမား ၁၆ ဦးကို စစ်ဆေးပြီးနောက် တာဝန်ရှိသူရဲ ကပြောကြား ရာတွင် ၎င်းတို့အားလုံးမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဟိုင်းလတ်ကား ဖြင့် ရနောင်းမှာ ရောက်လာခြင်းဖြစ်ကြောင်း ပြောဆိုသည်။
အဖမ်းအဆီးများရှိသော်လည်းမြန်မာအလုပ်သမားများမှာ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖတ်ထလုန်မြို့ကို ခရီးတထောက်နား၍ လူကယ်ရီများနှင့် သွားနေကြသည်။ ယင်းသို့ မြန်မာအလုပ်သမားများ မလေးရှား သွားရာတွင် လူကယ်ရီများ က ကြားခံပို့ဆောင်ပေးပြီး တရားဥပဒေအရ အပြစ်ပေးအယူခြင်းခံရမည်ကိုလည်း ကြောက် ရွံ့ခြင်း မရှိဟုဆိုသည်။
|
|

December 2009 issue March 2010 special issue




|