TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

၇ လအတွင်း ငှက်ဖျားရောဂါဖြစ်သူ မြန်မာနိုင်ငံသား ၃၀၀၀ နီးပါးနှင့် သေဆုံးသူ ၁၂ ဦးရှိ
သြဂုတ်လ ၂၃၊ မသီချွန်းသတင်းစာ

၂၀၀၇ ခုနှစ် ပထမ ၇ လပိုင်းအတွင်း ထိုင်းနိုင်ငံတနိုင်ငံလုံးအတိုင်းအတာဖြင့် ငှက်ဖျား ရောဂါပိုးရှိသူ ၁၈,၀၀၀ ကျော်နှင့် သေဆုံးသူ ၃၂ ဦးရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ကျန်းမာရေးဝန်ကြီး ဒေါက်တာမောလကုတ် ကုန်ကဆေမ် က ပြောသည်။

ဒေါက်တာမောလကုတ်ကုန်ကဆေမ်သည် သြဂုတ်လ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် သာတ်ခရိုင်၊ မယ်လမမြို့၊ ဟွေပါကောင်ရွာသို့ ရောက်ရှိစဉ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပြီး နယ်စပ်တကြော ပြည်နယ် ၃၀ ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဌာန ၈၀၀ ကို တည်ထောင်သွားမည်ဟုလည်း ဆိုသည်။

ငှက်ဖျားရေးဂါတိုက်ဖျက်ရေးသည် ကျန်းမာရေးဝန်ကြီးဌာန၏ အဓိက တိုက်ဖျက်ရမည့် ရောဂါများတွင် ပါဝင်ကြောင်းနှင့် နယ်စပ်တလျှောက်ရှိ ခရိုင် ၃၀ မှ ငှက်ဖျားရောဂါ ဝေဒနာ ရှင်များမှာ တနိုင်ငံလုံးရောဂါဝေဒနာရှင်များ၏ ၉၀ % ရှိသည်ဟုလည်း ပြောသည်။

“အများစုကတော့ ထိုင်းလူမျိုးတွေဖြစ်တာ၊ ၂၀၀၆ ခုနှစ်တုန်းက ငှက်ဖျားရောဂါဖြစ်သူ ၃၀,၃၃၈ ဦးရှိတယ်၊ သေဆုံးသူက ၁၁၃ ယောက်ရှိတယ်၊ ဒီနှစ် ဇန်န၀ါရီလကနေ ဂျူလိုင်လ ထိ ရောဂါဖြစ်သူ ၁၈,၉၈၃ ဦးနဲ့ သေဆုံးသူ ၃၂ ဦးရှိတယ်၊ အဲဒီထဲမှာ မြန်မာငှက်ဖျားရောဂါ သည် ၂,၉၉၅ ဦးနဲ့ သေဆုံးသူ ၁၂ ဦးရှိတယ်၊ ကမ်ပူးချား ငှက်ဖျားရောဂါသည် (ခမင်) ၁၄၁ ဦးရှိတယ်” ဟုဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ % သို့မဟုတ် နိုင်ငံပေါင်း ၉၀ ခန့်မှာ ငှက်ဖျားရောဂါ အန္တရာယ်အရှိဆုံး ဒေသများတွင် နေထိုင်နေပြီး ကမ္ဘာကြီးပို၍ပူနွေးလာမှုကလည်း ခြင်ဥမှ ခြင်ကောင်အဖြစ် ပေါက်ဖွားမှုနှုန်းမြန်ဆန်လာစေသည်ဟုလည်း ဒေါက်တာမောလကုတ် ကပြောသည်။

ထို့ကြောင့် ညအိပ်စက် အနားယူရာတွင် ခြင်ထောင်ထောင်၍ အိပ်စက်သင့်သည်ဟု အကြံပေးပြောသည်။ ငှက်ဖျားရောဂါပိုးကို နယ်စပ်တလျောက်ရှိ ရလား၊ ဆုန်ခါ၊ ရနောင်း၊ ကန်ကျနဘူရီ၊ မဲ့ဟောင်ဆောင်၊ နလာထိဝ၊ သာတ်၊ ချွန်ဖွန်နှင့် ဆူလဌာနီခရိုင် တို့တွင် အများဆုံး တွေ့ရှိရသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb