TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

ဆူရဌာနီမြို့လယ်ခေါင်တွင် ကိုယ်ဝန် ၉ လသားအရွယ်မွေးကင်းစကလေးငယ်ကို ကောက်ညှင်းပေါင်းသည့် အိုးတွင်းထည့်၍ပစ်
အောက်တိုဘာ ၂၉၊ ၂၀၀၇ ခုနှစ်၊ မန်နေဂျာအွန်လိုင်းသတင်း

ကိုယ်ဝန် ၉ လသားအရွယ် ကလေးအား ကောက်ညှင်းပေါင်းသည့် အလူမီနီယံအိုးတွင် ထည့်၍ ဆူရဌာနီမြို့လယ် အမှိုက်ပုံးတွင် ပစ်ထားခဲ့သည်ဟု မန်နေဂျာအွန်လိုင်းသတင်း တွင် ဖေါ်ပြထားသည်။

ကလေးအားလာရောက်ပစ်ထားသည်မှာ တွေ့ရှိသည့်အချိန်က ၅ နာရီခန့်ရှိသည်ဟု ခန့် မှန်းပြီး မြန်မာအလုပ်သမားတဦး၏ ကလေးဖြစ်နိုင်သည်ဟု တာဝန်ရှိသူ ရဲက ထင်မြင်ချက် ပေးသည်။

အဆိုပါကလေးငယ်ကို အဟောင်းပစ္စည်းများ လိုက်လံကောက်ယူရောင်းချသူ ထိုင်းလူမျိုး မစ္စတာထောင်ခန်းကဲယောက်ကျန် (၅၂) နှစ်က ဆူရဌာနီမြို၊့ မခန်သိယကျေးရွာအုပ်စု၊ ဘန့်ဘန်ယိုင်ကျောင်းရှေ့ဘက်ခြမ်းရှိ အမှိုက်ပုံးတွင် အဟောင်းပစ္စည်များ လိုက်လံကောက် ယူနေစဉ် ကောက်ညှင်းပေါင်းအိုးတွင်ထည့်၍ ပစ်ထားသည့် ကလေးငယ်၏အလောင်းကို တွေ့ရှိခဲ့ပြီး ဆူလဌာနီရဲဌာနတွင် အကြောင်းကြားခဲ့သည်။

တိုင်ကြားပြီးမကြာမီမှာပင် ရဲနှင့် ဆူရဌာနီဆေးရုံမှ ဆရာဝန်များ ရောက်လာပြီး စစ်ဆေးမှု များပြုသည်ဟု သိရသည်။

ကလေးငယ်ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနေ အီဆန်လူမျိုးများ ကောက်ညှင်းပေါင်းရာ တွင် အသုံးပြုသည့် သတ္တုကောင်းညှင်းပေါင်းအိုးတွင် ကလေးကိုထည့်ထားပြီး အပေါ်မှ အ ၀တ်အထပ်ထပ်ဖြင့် အိုးကို ပိတ်ထားသည်။ ကလေး၏ ကိုယ်တွင် သွေးများကပ်နေပြီး အိုးအတွင်း၌လည်း သွေးအမြောက်အများကို တွေ့ရှိသည်ဟု ဆိုသည်။ ကလေးမှာ မိန်း ကလေးဖြစ်ပြီး ကိုယ်လက် အင်္ဂါအပြည့်အစုံ ပါဝင်သည်ဟု ဆိုသည်။

တာဝန်ရှိသူ ရဲကမူ ကလေး၏ အမေမှာ ဆောက်လုပ်ရေး အလုပ်သမားတဦး သို့မဟုတ် လူ ငယ်များ အပျော်လွန်ကျူးရာမှ နောက်ဆက်တွဲ ဖြစ်လာသည့် ပြဿနာများ ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်ပေးသည်။

“ပိတ်ထားတဲ့ အ၀တ်စက မြန်မာတွေ ၀တ်လေ့ဝတ်ထရှိတဲ့ ပုဆိုးနဲ့ဆင်တူတယ်၊ အဲဒါကို ကလေးအမေက တနေရာကနေ ၀ယ်လာပြီး ဒီကလေးက နိုင်ငံခြားသားအလုပ်သမားတ ယောက်ရဲ့ ကလေးဖြစ်တယ်လို့ ထင်ရအောင်အိုးကို ပိတ်တာလည်းဖြစ်နိုင်သလို အမှုကို ရှောင်တဲ့ သဘောလည်းဖြစ်နိုင်တယ်၊ နောက်တခုဖြစ်နိုင်တာက နိုင်ငံခြားသား အလုပ်သ မားရဲ့ ကလေးလည်း ဖြစ်နိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ရှိတဲ့သူတွေကတော့ တာဝန် ရှိတဲ့အတိုင်းပဲ အမှုမှန် ပေါ်ပေါက်ဖို့ ဆက်ပြီး လုပ်သွားရမယ်၊ အပြစ်ရှိတဲ့သူကို ဥပဒေကြောင်းအရ အပြစ်ပေးနိုင်အောင် ကြိုးပမ်းရမယ်၊” ဟု ရဲဒုဗိုလ်လထိချိုင်း စုန်ချွေ့က ပြောသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb