|
ငွေကြေးစစ်ဆေးရေးအဖွဲ့က ၀န်ကြီးချုပ်ဟောင်း ထက်ဆင် အစိုးရ လက်ထက်က မြန်မာနိုင်ငံသို့ ချေးထားသည့်
ငွေဘတ်သန်းပေါင်း ၄၀၀၀ ကိစ္စ ဆပ်ကော်မတီ လက်အောက်ခံအဖွဲ့ ဖွဲ့ကာ စစ်ဆေးမည်
သြဂုတ်လ ၆ ရက် မန်နေဂျာအွန်လိုင်းသတင်း
ဝန်ကြီးချုပ်ဟောင်း ထက်ဆင် အစိုးရလက်ထက်က ထိုင်းနိုင်ငံခြားသွင်းကုန် ထုတ်ကုန် ဘဏ်မှ မြန်မာနိုင်ငံသို့ ချေးထားသည့် ဘတ်ငွေ သန်းပေါင်း ၄၀၀၀ ကိစ္စအတွက် ဖွဲ့စည်း မည့် ဆပ်ကော်မတီလက်အောက်ခံအဖွဲ့ဝင်များ စာရင်းကို ယနေ့ တင်သွင်းမည်ဟု သိရ သည်။
လွန်ခဲ့သည့် သီတင်းပတ် အတွင်းက စစ်ဆေးရေးအဖွဲ့၏ အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ ဘတ်ငွေသန်းပေါင်း ၁၀၀၀ ထပ်မံချေးလိုက်သည့် အတွက် အမှုဖွင့် အရေးယူရန် သဘော တူညီ ထားခဲ့သည်။
ယင်းသို့ အတိုးနှုန်း သက်သက်သာသာဖြင့် ငွေချေးငှားလိုက်သည့် အတွက် ထိုင်းအစိုးရ နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာအစိုးရကိုယ်စား အတိုးနှုန်း တနှစ်လျှင် ဘတ်သန်း ၉၉.၉ သန်းအား ၁၂ နှစ်တာ ပေးဆောင်ရမည် ဖြစ်သည်။
ယ္ခုဖွဲ့စည်းမည့် ဆပ်ကော်မတီလက်အောက်ခံအဖွဲ့ဝင်များ၏ အမည်စာရင်းအား ယနေ့ နနံက်ပိုင်း တွင် စာရင်းတင်သွင်းမည်ဖြစ်ပြီး သဘော တူညီပါက စစ်ဆေးရေး အဖွဲ့ကြီးသို့ နေလည်ပိုင်းတွင် စာရင်းပေးပို့မည် ဖြစ်သည်။
ထို့ပြင် စစ်ဆေးရေးအဖွဲ့က မကြာသေးမီက Channel 5 မှ သတင်းကြေညာသူ အမျိုးသမီး စစ်ဗိုလ်ဆုနိဆာ က ၀န်ကြီးချုပ်ဟောင်း ထက်ဆင် အား အင်္ဂလန်နိုင်ငံတွင် သွားရောက် ကာ အင်တာဗျူး၍ ထုတ်ဝေထားသော စာအုပ်တွင် ရှင်းကော်ပိုရေးရှင်း ရောင်းရငွေများ အကြောင်း အချက်များကိုလည်း ရေးသားထားသည့်အတွက် ခေါ်ယူ စစ်ဆေးမေးမြန်း ရမည်ဟု သိရသည်။
|