TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်များ

ထိုင်းရဲအယောင်ဆောင်၍ ဘ၀တူအလုပ်သမားများထံ ငွေညှစ်သူ မြန်မာနိုင်ငံသားနှင့်ထိုင်းကိုဖမ်းပြီ

၂၅။ ဂျူလိုင် ၂၀၀၇ ခုနှစ် ထိုင်းလတ်သတင်းစာ

၂၅ ရက်နေ့က ထိုင်းရဲဝတ်စုံများဝတ်၍ ရဲအယောင်ဆောင်သူထိုင်းလူမျိုး၁ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးကို ဆူထိဆန် ရဲစခန်းက ဖမ်းဆီးလိုက်သည်။ ၎င်းတို့အားလုံးမှာ ဆောက်လုပ်ရေးအိမ်ယာများတွင် ဆေးသုတ်သူအလုပ်သမားများဖြစ်ပြီး ဘန်ကောက် တ၀ိုက်ရှိ မြန်မာ အလုပ်သမားများထံတွင် ရဲအယောင်၍ လိုက်လံ ငွေညှစ်သည်ဟုလည်း သိရသည်။

ဟွေခွမ်အပိုင်၊ ပချာလစဒေါဘန်ဖင် လမ်းမ ၉ ရှိ စားသောက်ဆိုင်တခုအတွင်းရှိ မြန်မာ အလုပ်သမားများထံတွင် ရဲယောင်ဆောင် ငွေညှစ်နေစဉ် ရဲကလိုက်လံ ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

သက်သေခံအဖြစ် ဟွန်ဒါစီဗစ်ကား မီးခိုးရောင်တစီး၊ လက်ကိုင်ဖုန်း (၃) လုံး ၀န်ထမ်း လက်မှတ် အတု တို့ကိုသိမ်းဆည်း သည်။ လိမ်လည်ရာတွင်အသုံးပြုသည့် ကား၏ ရှေ့ဘက်နောက်ဘက်တွင် အစိုးရ ရုံးများ၏တံဆိပ်များကိုလည်း ကပ် ထားသည်။ ၎င်းတို့အဖွဲ့မှာ ဘန်ကောက်မြို့တ၀ိုက်တွင် လိုက်လံ၍ အလုပ်သမားများထံ ငွေညှစ်နေပြီး ယင်းသို့သွားရာ တွင်နိုင်ချိုင်းတဦးတည်သွားခြင်းမဟုတ်ဟု သိရသည်။ နိုင်ချိုင်း(သို့) နိုင်နီကုန်းဆီဘွန်လင့် မှာ ထိုင်းမှတ်ပုံတင်အတုကို ကိုင်ဆောင်ထားသည်။ နိုင်နောင်အန်အိုင် (မြန်မာ) ၊ နိုင်ချိုင်ကတ်ထ၀ုန် (ထိုင်း) တို့ ၃ ဦးအား နိုင်ငံတွင်းခိုးဝင်မှု၊ လက်မှတ်အတုကိုင်ဆောင်မှု၊ တာဝန်ရှိသူဝတ်စုံများကိုဝတ်ဆင်၍ ထင်ယောင်ထင်မှားဖြစ်စေမှု ဖြင့် အမှုဖွင့်ထားသည်။

ဂျူလိုင်လ ၆ ရက်နေ့ကလည်း နမ်ဒဲင်းဈေးအတွင်း၊ ဘန့်ယိုင်၊ ဆမုတ်ပကန်မှ မြန်မာနိုင်ငံသားအလုပ်သမားများထံ ပိုက်ဆံကို လစဉ်မိုက်ကြေးခွဲ ကောက်ခံသူ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ အန္ဒိယ နိုင်ငံသား တဦးတို့ကို ရဲကဖမ်းဆီးခဲ့သည်။

 

 

 

 

TACDB publication

Labour

Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb