သင်သေသွားသော်
ဇော်ဂျီ
သြော် …. လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်လျက် ကျန်စေသတည်း။
အိုဝေမဂ္ဂဇင်း၊ အတွဲ - ၅၊ အမှတ်-၁
ဒီဇင်ဘာလ ၁၉၃၅။
သက်ဆိုင်သူ ကဗျာဆရာများ၏ ခွင့်ပြုချက်မရရှိဘဲ ဖေါ်ပြခြင်းဖြစ်သည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။
|