|
ကျွန်ဘဝ
ကဗျာဆရာ-အရိုး
လူဖြစ်ခဏမှာ ကျွန်ဘ၀ကို ရောက်ခဲ့ရပါတယ်။
ကျွန်ဘ၀မှာ
စားဝတ်နေရေးရဲ့ တံခါးခေါက်သံတွေ
အသိပ်သည်းဆုံး အိပ်တန်းတက်ချိန်နဲ့
တရံရောအခါက
နောက်ဘိတ်ဆုံးက ထွက်ပြေးခြင်းတွေရှိခဲ့။
တချို့က
ကျွန်ဘ၀ကို အားကျပြီး ရောက်လာခဲ့ကြသလို
တချို့က
စီးပွားကျပြီး ရောက်လာခဲ့ကြတယ်။
ဘယ်လိုရောက်လာ ရောက်လာခဲ့
ကျွန်ဘ၀မှာ
ဖေါ်မြူလာ ဒုက္ခထဲ တကိုယ်ရည် ကျေကွဲမှုတွေရှိလိမ့်မယ်
လှောင်အိမ်လို မြို့ပြထံ တခါက
လွန်ကဲတဲ့ ဖိနှိပ်ခြင်းတွေ ရှိလိမ့်မယ်
အခြေမဲ့
ခြေသလုံး အိမ်တိုင်ဘ၀ထဲ
တွေဝေမှိုင်ခဲ့တဲ့ နေ့ရက်တွေ ရှိလိမ့်မယ်။
ကျွန်ဘ၀ကို ကျွန်တော် စရောက်ချိန်မှာ
ပြင်းပြင်းရှိတာနဲ့ အပြင်ကိုလှမ်းမျှော်ကြည့်တော့
ကျွန်တော်လို
မျှော်လင့်ချက်တွေ တောက်ပနေတဲ့ မျက်လုံးတွေ
လွမ်းဆွတ်ခြင်းကို မိတ်ဖွဲ့နေတဲ့သူတွေ
ဖိနှိပ်မှုထဲ အသားကျတော့မဲ့ လူတွေကို မြင်တော့
ကျွန်တော် အခန်းထဲ “လစ်ခနဲ့” ပြန်လာလိုက်တယ်။
“ထူးအိမ်သင်” ရဲ့
အမေ့အိမ်သီချင်းဟာ
ကျွန်တော် နားထဲကို တသသ စီးဆင်းလို့…။
|