|
|
|
ချွတ်ခြုံကျ ဘ၀များ
ယံ ခေတ္တ အောတော
ဟင်း လူဗမာရယ်လို့ဖြစ်လာ
နေရာတကာ အနှိမ်ခံကြရ
ဖမာ့ ဖမာ့နဲ့
လှောင်ကြ ပြောင်ကြ၊ ဆဲကြ ဆူကြ
ရိုက်ကြ သတ်ကြ မုဒိန်းကျင့်ကြ
ဘာမှ တုန့်ပြန်စွမ်း
မစွမ်းလေတော့ တဖန်
နေ့မအား ညမအား
စက်ရုပ်များနှယ်
အားကုန် ရုန်းကန်ဆဲ
စားလည်း မမှန်ခဲ့
စိတ်လေတဲ့ အိပ်ရေးနဲ့
စိတ်ပိန်တဲ့ အိပ်ချိန်များ
ဝိုးတ၀ါး ကုန်းထ
ချုံးပွဲချ ငိုးချင်းနဲ့
ပလုပ်ကျင်း အလုပ်ဆင်းခဲ့ရ တဖန်
ဒီကြားထဲ
တအားကျည်းတန်
အဖွားကြီးခြံထဲ
ငရဲခန်း အဖြစ်တွေ
ကြားကြားနေရ နားဝမချမ်းသာ
အသဲကနာ
အားက မတန်ရှာပြန်
ကြံရာမရ၊ မာန်လွှာချရင်း
ခံပြင်းပြင်း သက္ကရာဇ်များမှာ
ကုစားလာခဲ့တယ် ဝေဒနာ
ငါဘာလဲ သူဘာလဲ
ဝေခွဲမနေသင့်
တူညီ လူ့အခွင့်အရေး
လူသားဆန်စွာ ပေးရင်း
ငှက်ကလေးတွေတေးဆို
ပန်းကလေးတွေ နုပျိုလန်းဆန်းပြီး
ကမ္ဘာကြီး ထာဝစဉ်လှနေလိမ့်
အခုတော့ကွယ်
ပြေးဟယ် လွှားဟယ်၊ ပုန်းဟယ် ရှောင်ဟယ်
သည်ဖက်မယ် ထိုင်းပုလိပ်
ရင်တွေ ဒိန်းတပ်တပ်
စုတ်ပြတ်ပြတ် အတက်ကမ်း
နယ်စပ်လမ်းတွေမှာ
ပရမ်းပတာနဲ့
ပန်းများစွာကြွေကြသည်လေ။
|
|

December 2009 issue March 2010 special issue




|