လှုပ်ရှားမှုနှင့်သတင်းအချက်အလက်များ ဖြန်ချိပေးခြင်း
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ (TACDB) ၏ လှုပ်ရှားမှုများသည် မြန် မာနိုင်ငံအတွင်း လူ့အခွင့်အရေးတိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်နေသည့် မြန်မာလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ထိုင်းနှင့်နိုင်ငံတကာတွင် အခြေစိုက်သည့် အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်သည်။
ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအ နေများပေါ်မူတည်၍ ထိုင်းနိုင်ငံအတွင်း အခြေစိုက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအ တွက် ဆောင်ရွက်နေသော တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများ၊ ထိုင်းလူမျိုးများသဘောပေါက် နားလည်အောင်ကြိုးပမ်းရာတွင် မီဒီယာကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။
ယင်းသို့ လုပ်ဆောင်ခြင်းသည် မြန်မာပြည်တွင် စစ်မှန်သည့် ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်သည်။
မြန်မာသတင်းစုဆောင်းရေးဌာန (Burma-info.org)
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်း လုပ်ငန်းကော်မတီမှ မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် သမိုင်းကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုများ၊ ဘာသာစကား၊ ထင်ရှားသည့် မြန်မာပြည်၏ စာပေများ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ နိုင်ငံခြားသားအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများ၊ စစ်ပြေးဒုက္ခသည်များ၊ မြန်မာပြည်၏ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သုတေသနပြု သုံးသပ်ချက်များပါ ပါဝင်သည်။
မြန်မာအလုပ်သမားများ၊ စစ်ပြေးဒုက္ခသည်များနှင့် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သုံးသပ်တင်ပြထားသည့် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း တို့တွင်ဖေါ်ပြထားသည့် သတင်းများ၊ ဆောင်းပါးများ၊ နှစ်ချုပ်အစီရင်ခံစာ များကိုလည်း သုံးသပ်သွားမည် ဖြစ်သည်။ ထိုသို့ မြန်မာပြည်၏ အခြေအနေများကို သုံးသပ် တင်ပြရခြင်းမှာလည်း အနာဂတ်ကာလတွင် လူ့အခွင့်အရေး ပိုမိုကောင်းမွန်ရေး အတွက်ဖြစ် သည်။ ယင်းသို့ သုံးသပ်ချက်များမှ ရရှိလာသော အသိပညာဗဟုသုတများကို ထိုင်းပြည် သူများ၊ နိုင်ငံတကာနှင့် မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအား လုံးကို ဖြန့်ဝေပေးမည်ဖြစ်သည်။ သုတေသနပြု လုပ်ငန်းများကိုလည်း အားပေးသည်။
သံလွင်သတင်းစဉ် (Salween Newsletter)
ထိုင်းဘာသာဖြင့် ထုတ်ဝေသော သံလွင်သတင်းစဉ်စာစောင်ကို ၃ လ လျှင် တကြိမ်ထုတ် ဝေသည်။ တကြိမ်လျှင် စောင်ရေ ၂,၀၀၀ ထုတ်ဝေသည်။ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံရေးအခြေအနေများ တစိုက်မတ်မတ် ဖေါ်ပြပေးသည်။ ယင်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံတွင်လည်း ထိခိုက်မှုများ ဖြစ်သည်ကိုလည်း ဖေါ်ပြပေးသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖေါ်ပြပေးခြင်းဖြင့် ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာလူမျိုးများအပေါ်တွင် ထားရှိသည့် အမြင်သဘောထားများ ပိုမို ပျော့ပြောင်းလာစေမည် ဖြစ်သည်။

စာစောင်ကို အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) များ၊ နိုင်ငံရေးသမားများ၊ ကျောင်းသူ/ကျောင်းသားများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ ဖတ်ရှုနိုင်ရန် ဖြန့်ဝေပေး သည်။
အလုပ်သမားရေးရာသတင်းစဉ်
အလုပ်သမားရေးရာသတင်းစဉ်ကိုလည်း လစဉ်ထုတ်ဝေ၍ မြန်မာပြည်၏ လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများ၊ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ ဘ၀အခြေအနေများ၊ အလုပ်သမားဥပဒေ၊ ဒီမိုကရေစီစနစ်အကြောင်း၊ ထိုင်းအလုပ်သမား များအတွက် ပြဌာန်းထားသည့် ဥပဒေများနှင့် နိုင်ငံခြားသားအလုပ်သမားများအတွက် ပြ ဌာန်းထားသည့် ဥပဒေများ၊ အလုပ်သမားများမှပေးပို့လာသည့် စာများကို စာစောင်တွင် ဖေါ်ပြပေးသည်။ စောင်ရေ ၅၀၀၀ ရိုက်နှိပ်၍ ထိုင်းနိုင်ငံတ၀န်းရှိ မြန်မာအလုပ်သမားများသို့ ဖြန့်ဖြူးပေးသည်။

www.tacdb.org
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဖေါ်ပြပေးရန်အတွက် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ (TACDB) ၏ အင်တာနက် စာမျက်နှာကို ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာစကားဖြင့် ဖွင့်လှစ်ထား သည်။

TACDB အင်တာနက် စာမျက်နှာတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဆောင် ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ၊ တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ၏ လှုပ်ရှားမှုများ၊ အလုပ်သမား၊ ဆရာ၊ ကျောင်းသူ/ကျောင်းသားများ နှင် နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများကို ဖေါ်ပြပေးမည်ဖြစ်သည်။
www.burma-info.org
မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားသူထိုင်းလူနိုင်ငံသားများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အ လိုငှာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီမှ www.Burma-info.org အင်တာနက်စာမျက်နှာကို ထိုင်းဘာသာဖြင့် ဖွင့်လှစ်ထားသည်။ အင်တာနက် စာမျက်နှာ တွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ အမျိုး၊ ဘာသာ သာသနာ၊ ထင်ပေါ်ကျော်ကြား သည့် မြန်မာစာပေများ၊ ဂီတ၊ အနုပညာ တို့ကိုလည်း ဖေါ်ပြပေးထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများ၊ စစ်ပြေးဒုက္ခသည်များ၊ ထိုင်းနိုင်ငံ တွင် လာရောက်အလုပ်လုပ်ကိုင်နေသည် အလုပ်သမားသတင်းများ၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပတ်သက်၍ ချမှတ်ထားသည့် နိုင်ငံ ခြားရေးရာမူဝါဒများကိုလည်း ဘက်မလိုက်ပဲ ဖေါ်ပြပေးထားသည်။ မြန်မာနိုင်ငံတွင် စစ်မှန် သည့် ငြိမ်းချမ်းရေးပေါ်ပေါက်စေရန် ရည်ရွယ်၍ ဖေါ်ပြပေးခြင်းဖြစ်သည်။
နှစ်နိုင်ငံ အစိုးရ များကလည်း ထိုင်း-မြန်မာပြည်သူများကြားတွင် စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှုရရှိစေမည့် နိုင်ငံခြားရေးမူဝါဒများ ချမှတ်လာစေရန်ရည်ရွယ်သည်။
ဆူနာမီရေလှိုင်းအလွန်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ ခိုးကိုရာမဲ့ ဘ၀အတွေ့အကြုံများ စာအုပ်ထုတ်ဝေခြင်း
သုတေသနစာအုပ်များ ထုတ်ဝေရေးနှင့်ပတ်သက်၍ TACDB ၏ ရည်မှန်းထားချက်
မြန်မာ နိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီမှ တနှစ်လျှင် သုတေသနပြုလုပ်ခြင်း အပါ အ၀င် စာအုပ် (၂) အုပ်ကို ထုတ်ဝေမည်ဟု ရည်မှန်းထားသည်။
ကျောင်းသားများ၊ အလုပ် သမားများ၊ ဆရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းမျာတွင် အလုပ်လုပ်ကိုင်နေသူများ၊ နိုင်ငံရေသမားများ၊ သုတေသနပြုသူများ ဖတ်ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိစေရန် စာအုပ် စာစောင်များ၊ လက်ကမ်းစာစောင်များ၊ ထုတ်ဝေသွားရန် ရည်ရွယ်ထားရှိသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်ခြင်းနှင့် တိုက်ပွဲဝင်တောင်းဆိုရာတွင် အရေးပါသည့် စာစောင်ဖြစ်လာစေရေးကိုလည်း ရည်ရွယ် သည်။
|