|
|
မြန်မာပြည်သူများအား ဥပဒေကြောင်းအရ အကူအညီပေးခြင်းနှင့် သင်တန်းပေးခြင်း
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မိမိတို့ရပိုင်ခွင့်များကို သိရှိစေ ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်နိုင်ရန်အတွက် ဥပဒေသင်တန်းပေးခြင်း ကိုလည်း စီစဉ်ဆောင်ရွက်လျှက် ရှိသည်။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ် လုပ်နေကြ သော မြန်မာအလုပ်သမားများအတွင်း လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုများကို တရားမျှ တမှုရှိစေရန် ဥပဒေဖြင့် အကျိုးဆောင်ပေးသည်။ ထိုင်းနိုင်ငံရှေ့နေကောင်စီနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို ဥပဒေကြောင်း ဖြင့် အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်သည်။
အမြန်လိုင်းဖုန်း (Migrant Line)
ရွှေ့ပြောင်းလုပ်သား လိုင်းဖုန်းကို ဖွင့်လှစ်၍ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သ မားများကို အလုပ်သမားဥပဒေတွင် ပြဌာန်းထားချက်များအတိုင်း အကြံဉာဏ်ပေးခြင်း၊ ဖြေရှင်းပေးခြင်း၊ ၎င်းတို့မှ တိုင်ကြားလာသည့် တိုင်ကြားချက်ပေါင်းစုံကို လက်ခံထားသည်။ လက်ခံထားရှိသည့် တိုင်ကြားချက်များကို ဥပဒေကြောင်းအရ ကူညီပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဥပဒေဆိုင်ရာ အကြံပေးခြင်း (Clinic Law)
အလုပ်သမားများကို ဥပဒေနှင့်ပတ်သက်၍ အကြံပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားသည့် အ နေဖြင့် ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်၊ ဆမုတ်စာခွန်းတို့တွင် ရုံးခန်းများ ဖွင့်လှစ်ထား သည်။ ယင်းသို့ ဖွင့်လှစ်ထားခြင်းမှာ မြန်မာအလုပ်သမားများ လူ့အခွင့်အရေးချိုးဖောက်ခံ ရလျှင် ထိုင်းဥပဒေသတ်မှတ်ချက် ဘောင်အတွင်းမှ အကူအညီ ပေးနိုင်ရန်အတွက်ဖြစ် သည်။

အလုပ်သမားများအား ဥပဒေဆိုင်ရာ အကြံဉာဏ်များပေးစဉ်
တရားရုံးတော်တွင် ဥပဒေကြောင်းအရ အမှုရင်ဆိုင်နိုင်ရန်ပြင်ဆင်ခြင်း (provide legal Defense)
အလုပ်သမားများကို ဥပဒေကြောင်းအရ တရားမျှတစွာ တရားရုံးတွင် စီရင်ခံရနိုင်စေရန်၊ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင် ထားရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အစိုးရအာဏာပိုင်ရဲ၊ NGOs များနှင့်ပါ ပူးပေါင်း၍ အလုပ်သ မားများကို ကူညီဆောင်ရွက်သည်။
သင်တန်းပေးခြင်း (Training Program)
အလုပ်သမားများအနေဖြင့် ဥပဒေကြောင်းအရ ပြဌာန်းထားသော ရပိုင်ခွင့်အခွင့်အရေးကို သိရှိစေရန်အတွက် ထိုင်းနိုင်ငံဥပဒေနှင့် အခြားသိသင့်သည့် အထွေထွေဥပဒေ သင်တန်း များပေးသည်။ အဆိုပါ သင်တန်းပေးခြင်း အစီအစဉ်များတွင် အစိုးရအာဏာပိုင် ရဲ၊ တရား ရုံးများတွင် အမှုရင်ဆိုင်နိုင်စေခြင်းအထိ အခြေခံဥပဒေသင်တန်းများပေးသည်။ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းသတ်မှတ်ချက်များ အတိုင်းသင်တန်းပေးသည်။ နိုင်ငံခြားသား အလုပ်သမားများအတွက် လူ့အခွင့်အရေး လက်ကမ်းစာစောင်များကိုလည်း ထုတ်လုပ်၍ ဖြန့်ဝေပေးသည်။

သင်တန်းပေးစဉ်
|
|

December 2009 issue March 2010 special issue




|