TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီမှ ထုတ်ဝေပြီးစာအုပ်များ

ဆူနာမီရေလှိုင်းအလွန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ ခိုကိုးရာမဲ့ဘ၀ အတွေ့ အကြုံများ

ထုတ်ဝေနှစ် ………………………. ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ
အုပ်ရေ…………………………….. ၁,၀၀၀
တန်ဖိုး …………………………….. ၁၀၀


အကြောင်းအရာ

ဆူနာမီရေလှိုင်းအလွန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ ခိုကိုးရာမဲ့ ဘ၀အတွေ့အ
ကြုံများစာအုပ်သည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ ထုတ်ဝေသည့် ပထမဆုံး မြန်မာစာအုပ် ဖြစ်သည်။ ဆူနာမီရေလှိုင်းအလွန်ဟု နာမည်ပေး ထားသည့်အတိုင်း ဆူနာမီဖြစ်ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းသို့သွားရောက်ပြီး ရေလှိုင်း ဒဏ်ကို ခံစားခဲ့ရသည့် မြန်မာနိုင်ငံသား ၁၆၀ ကို ၁ နှစ်ကြာ အချိန်ယူ တွေ့ဆုံမေးမြန်းပြီးမှ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။

စာအုပ်တွင် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နောက်ခံအကြောင်းရင်း၊ ၎င်းတို့၏ မြန်မာနိုင်ငံအတွင်း ဘ၀အခြေအနေများကို ဖတ်ရှုရမည် ဖြစ်သည်။ ဆူနာမီဖြစ်ချိန်၊ ဖြစ်ပြီးနောက်ပိုင်းတွင် ယင်းဒေသရှိ မြန်မာနိုင်ငံသားများ မည်သို့ ဆက်လက်နေထိုင် အသက်မွေးဝမ်းကြောင်းပြုကြသလဲ စသည်တို့ကိုလည်း ဖတ်ရှုရမည် ဖြစ်သည်။ ဆူနာမီတွင် မြန်မာနိုင်ငံသားများတွေ့ကြုံရသည့် အခက်အခဲများ၊ ကယ်ဆယ်ရေး အဖွဲ့များမှ ပေးဝေသည့် အကူအညီများသည် အမှန်တကယ် ဒုက္ခရောက်သူတို့၏ လက်တွင်း ရရှိ၊ မရရှိ စသည်တို့ကို ဖတ်ရှုရမည်ဖြစ်သည်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီဥက္ကဌဖြစ်သူ ခွန်လတ်ဒါဝမ်တန်တိဝိ ထယားဖိထတ်က “တရားမ၀င် အလုပ်သမားဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူ့အခွင့်အရေး အပြင် အလုပ်သမားအခွင့်အရေး တွေလဲ ထပ်မံဆုံးရှုံးခဲ့ရ ပြန်ပါတယ်၊ လူ့ဂုဏ်သိက္ခာကို အလွယ်တကူ ရိုက်ချိုးခံလိုက်ရတဲ့ အခုလို အဖြစ် အပျက်မျိုးကို ထိုင်းနိုင်ငံလို လူ့အခွင့်အ ရေး လူ့ဂုဏ်သိက္ခာကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခိုင်အမာရှိတဲ့ နိုင်ငံမှာ ဖြစ်ပျက် ခဲ့ခြင်းကြောင့် ယဉ်ကျေးပါတယ်ဆိုတဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွက် အလွန်အရှက်ရစေခဲ့ပါ တယ်” ဟု အမှာစာမှာတွင် ရေးသားထားသည်။

စာအုပ်ကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ထုတ်ဝေထားသည်။ ဆူနာမီရေလှိုင်းအ တွင်း ထိုင်းနိုင်ငံအတွင်း သေဆုံးသွားသည့် မြန်မာနိုင်ငံသားများ၏ သမိုင်းမှတ်တမ်းအဖြစ် မှတ်တမ်းသိမ်းဆည်း ထားသင့်သည့် စာအုပ်တအုပ်လည်း ဖြစ်သည်။ နောင်အနာဂတ် ကာ လတွင် ဆူနာမီကဲ့သို့ အဖြစ်မျိုးဖြစ်ပေါ်လာပါကလည်းဆုံးရှုံးမှု အမြောက်အများ မဖြစ်ပွား စေရေးအတွက် ကြိုတင်ကာကွယ်နိုင်မည့် စာအုပ်တအုပ် ဖြစ်သည်ဟု ယုံကြည်မိပါသည်။


ဧရာဝတီမှသည်သံလွင်သို့

စာရေးသူ ………………………. ဖုန်ဖိမွန်သလီချို့
ထုတ်ဝေနှစ် …………………… ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်
တန်ဖိုး …………………………. ၁၅၀ ဘတ်
ဘာသာစကား ……………….. ထိုင်းဘာသာ

အကြောင်းအရာ

မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်၍ ပြည်သူများ စီးပွားရေးဒုက္ခခံစားရခြင်းအကြောင်းများ နှင့် အိမ်နီးချင်းတိုင်းပြည်များသို့ ပုံစံအမျိုးမျိုးနှင့်သွားရောက်ကာ အလုပ်လုပ်ပုံ အကြောင်း ကို ရေးသားထားသည်။

စီးပွားရေးစနစ် ညံ့ဖျင်းမှုကြောင့် သန်းချီသော မြန်မာပြည်သူများ ထိုင်းနိုင်ငံသို့ ဒုက္ခသည် အဖြစ်လည်းကောင်း၊ တရားမ၀င် အလုပ်သမားအဖြစ်လည်းကောင်း လာရောက်အလုပ် လုပ်ကိုင်ရခြင်းအကြောင်းများကိုလည်း စာရေးဆရာက စေ့စေ့ စပ်စပ် သေသေချာချာ ရေးသားထားသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်မှ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံတွင်းသို့ အဆက်မပြတ် ၀င် ရောက်နေခြင်းနှင့် တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ဒုက္ခ သည်များ ထိုင်းနိုင်ငံမှဒုက္ခသည်စခန်းများဆီသို့ ၀င်ရောက်လာရခြင်းများလည်း ပါဝင်သည်။

နိုင်ငံရေးအပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ် မေ ၃၀ အရေးအခင်း မတိုင်ခင် တိုင်းနှင့် ပြည်နယ်များသို့ သွားရောက်လည်ပတ်ရာတွင် ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲကြိုဆိုကြပုံ၊ ပြည်သူလူထုကလည်း ဒေါ်အောင်ဆန်ုး စုကြည် တဦးတည်းသာလျှင် ၎င်းတို့၏ အားကိုးအားထားရာ အဖြစ် မျှော်လင့်နေဆဲ အကြောင်းကို ရေးသားသည်။

မြန်မာအလုပ်သမားများ၏ ဘ၀မှတ်တမ်း
ကျွန်အလုပ်သမားမှသည် တရားမ၀င်အလုပ်သမားအဖြစ်သို့

ထုတ်ဝေနှစ် ………………….. ၂၀၀၃ ခုနှစ် ဂျွန်လ ၁
အချက်အလက်စုဆောင်းသူ …. ကိုမြင့်ဝေ
အယ်ဒီတာ …………………… အဒီဆွန်ကိတ်မုန်းခုန်း
ဘာသာစကား ………………. ထိုင်း၊ အင်္ဂလိပ်ဘာသာ
တန်ဖိုး ……………………….. ဘတ် ၁၄၀

အကြောင်းအရာ

ကျွန်အလုပ်သမားမှသည် တရားမ၀င်အလုပ်သမားအဖြစ်သို့ စာအုပ်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူဖြစ်သူ ကိုမြင့်ဝေ က အချက်အလက်များကို လိုက်လံစုဆောင်းထားပြီး ထိုင်းလူမျိုးဖြစ်သူ အဒီဆွန်ကိတ်မုန်း ခုန်းက အယ်ဒီတာအဖြစ် တာဝန်ယူ၍ စာအုပ်ကို ထုတ်ဝေထားသည်။

စာအုပ်တွင် မြန်မာနိုင်ငံစီးပွားရေးစနစ်ဆိုး၏ သားကောင်များဖြစ်ရရှာသည့် ပြည်သူများ ထိုင်းနိုင်ငံတွင်းသို့ ခိုးဝင်လာပြီး ၀မ်းရေးအတွက် ရရာလုပ်ငန်း ၀င်ရောက်လုပ်ကိုင်ရာမှ နောက်ဆက်တွဲ ပြဿနာများအကြောင်းကို ရေးသားထားသည်။ အလုပ်ရှင် အလုပ်သမား ပြဿနာ၊ အလုပ်ရှင်များက လုပ်အားခကို လိမ်လည်သည့်ပြဿနာအကြောင်းကို ရေးသား ထားသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကြရာတွင် ခြံလုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ ပင်လယ်ငါးဖမ်းလုပ်သား၊ အိမ်ဖေါ်အမျိုးသမီးများအကြောင်းနှင့် ဖမ်းဆီးခံရ၍ အချုပ်ခန်း တွင်း တွေ့ကြုံခဲ့ရသည့် ဘ၀မျိုးစုံတွင် ကျင်လည်ခဲ့သည့် အလုပ်သမားများကိုမေးမြန်း၍ စာအုပ်ကို ပြုစုထားသည်။

မြန်မာနိုင်ငံမှ မိန်းကလေးအများစု အလုပ်လုပ်သည့် လုပ်ငန်းတခုဖြစ်သည့် အိမ်ဖေါ်အလုပ် သမားများ၏ အကြောင်း လူအများမသိသေးသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းနောက်ကွယ်က အသံများကိုလည်း မေးမြန်းထားသည်။ အလုပ်ရှင်အမျိုးသားက အိမ်ဖေါ်အမျိုးသမီးကို ဖျားယောင်းသွေးဆောင်ပြီး သားမယားအဖြစ် ပြုကျင့်သည့် ကိစ္စဖြစ်သည်။

ယင်းအဖြစ်အပျက်များမှာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမား အမျိုး သမီးများကြားတွင် မည်သည့် အတိုင်းအတာအထိ ဖြစ်ပျက်နေသည်ကို တိတိကျကျ သိသူ နည်းပါးသည်။ မြန်မာအမျိုးသမီး မည်ရွေ့မည်မျှ ယင်းအဖြစ်မျိုးနှင့် ကြုံတွေ့နေရသည်ကို စာရင်းအတိအကျ မရှိပါ။

စာအုပ်တွင် စာရင်းအတိအကျ မဖေါ်ပြထားသော်လည်း ထိုင်းနိုင်ငံ လာရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား အချိုးနှုန်းထားနှင့် တွက်ကြည့်လျှင် မြန်မာသမီးပျိုများအ တွက် ရင်လေးစရာ ပင်ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအကြောင်းရေးထားသည့် စာအုပ်တွင် ခေါင်းစီး အတိုင်း ရေးထားသလို ကျွန်အလုပ်သမားဘ၀မှသည် တရားမ၀င်အလုပ်သမားဆီသို့ စာ အုပ်ကို ဖတ်ကြည့်လျှင် အလုပ်လုပ်ပြီး လုပ်အားခ မရသည့်ပြဿနာ၊ လိင်မှုဆိုင်ရာ စော် ကားသည့်ပြဿနာ၊ လှေလုပ်သားများ ဘ၀တွင်လည်း ဘ၀တူ လှေလုပ်သားချင်း အတူတူ ထိုင်းလှေသားများက အနိုင်ကျင့်သည့် ပြဿနာများကို ဖတ်ရှုရမည် ဖြစ်သည်။

စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်လာရောက် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား အလုပ်သမားများ၏ တွေ့ကြုံနေရသည့် အခက်အခဲများ ၎င်းတို့ခံစား နေရသည့် ခံစားချက်များကို သိရှိရမည်ဖြစ်သည်။

ဟံသာဝတီ

စာရေးသူ ………… ဖိုင်းထွန်း ဖုန်ဟုန်ဝိကျစ်
ထုတ်ဝေခုနှစ် …… ၂၀၀၀ ခုနှစ် ဂျူလိုင်လ
တန်ဖိုး ……………… ၉၀ ဘတ်
ဘာသာစကား …………. ထိုင်းဘာသာ

အကြောင်းအရာ

စာရေးသူက ဟန်သာဝတီစာအုပ်ကို ကဗျာတပိုဒ် စာတပိုဒ်ဖြင့် ရေးသားထားသည်။
မြန်မာနိုင်ငံ၏ လူမျိုးစုများအကြောင်းကို သမိုင်းနှင့်ယှဉ် ရေးသားထားပြီး ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားအလုပ်သမားများ အကြောင်းကိုလည်း ကဗျာတပိုဒ် စာတပိုဒ်ဖြင့် စိတ်ဝင်စားဖွယ် ရေးသားထားသည်။

ထိုင်းကဗမာကို ချစ်ပါတယ်

ထုတ်ဝေခုနှစ် ....................... ၂၀၀၅
ပြုစုသူ ............................... အဒီဆွန်ကိတ်မုန်ခုန်း၊ ဆုဖတ်သလာ ဘူမိပလဖာ
ဘာသာစကား……………………ထိုင်းဘာသာ

အကြောင်းအရာ


၂၀၀၅ ခုနှစ်သည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီတောင်းဆိုသည့် အရေးတော်ပုံ၏ ၁၇ နှစ် မြောက် နှစ်ပတ်လည် အောက်မေ့ပွဲအခမ်းအနားတွင် ပါမောက္ခ ဒေါတ်တာထုန်ချိုင်းဝိနိကျ ကူး ပြောသွားခဲ့သည့် “ဗမာကို ထိုင်းကချစ်ပါတယ်” ဆိုသည့် ဟောပြောချက်များကို စုစည်း၍ စာအုပ်ထုတ်ဝေထားသည်။

ပါမောက္ခဒေါတ်တာထုန်ချိုင်းဝိနိကျကူးသည် အမေရိကန်ပြည်ထောင်စု မက်ဒီဆွန်ပြည် နယ်၊ ၀ိကွန်ဆွန်တက္ကသိုလ်မှ အရှေ့တောင်အာရှသမိုင်းနှင့်သုတေသနဌာနမှ ပါမောက္ခတဦး ဖြစ်သည်။

“နိုင်ငံရေးမှာ လက်ရှိအာဏာရထားတဲ့သူတွေက သူတို့ကို သူတို့ အများတကာထက်ပိုပြီး တော်တယ် တတ်တယ်လို့ ထင်နေတယ်၊ အာဏာရေရှည် တည်မြဲဖို့အတွက် သာမန်ပြည်သူ တွေရဲ့ဘ၀တွေကို ဖျက်ဆီးပစ်တယ်၊ သူတို့ရဲ့လုပ်ရပ်က တရားတယ်လို့ပဲ သူတို့ကခံယူထား တယ်၊ ဒီလိုလူမျိုးတွေက နိုင်ငံတိုင်းမှာရှိတယ်၊ တချို့သူတွေက ပြည်သူတွေအများစုက လေးစားကြတယ်၊ ချစ်ခင်ကြတယ်။ သူတို့မကောင်းတာကို လူနည်းစုကပဲ သိတယ်၊ လွန်ခဲ့ တဲ့ ၁၇ နှစ် ၈၈၈၈ အရေးအခင်းမှာ ဘာဖြစ်လို့ ပြည်သူကို ရန်သူလို သဘောထားပြီး ရှင်း လင်း သုတ်သင်ပစ်ရတာလဲ၊ အဲဒါကို ကျနော်တို့ စဉ်စားကြည့်ကြမယ်၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေပဲ၊ ဒီအဖြစ်တွေက ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့ ၁၉၇၃၊ ၁၉၇၆၊ ၁၉၉၂ ခုနှစ်က အဖြစ်တွေနဲ့ ဆင်ဆင်တူတယ်၊ မြန်မာနိုင်ငံက အဖြစ်တွေကတော့ ထိုင်းနိုင်ငံက အဖြစ်တွေ ထက်ဆိုတယ်၊ ထိုင်းနိုင်ငံထက်လည်း ရက်စက်တယ်၊ ဒါတွေကို ထိုင်းလူ့အသိုင်းအ၀ိုင်းက မသိကျိုးကျွန်ပြုနေတယ်၊ အဲဒါဘာကြောင့် ဖြစ်ရတာလဲ” ဟု အခမ်းအနားတွင် ပါမောက္ခ ကမေးခွန်းထုတ်လိုက်သည်။

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများ၊ ယင်းအချိန်က ထိုင်းနိုင်ငံဝန်ကြီး ချုပ်ထက်ဆင်၏ မြန်မာအစိုးရနှင့် နီးနီးကပ်ကပ်ဆက်ဆံထားသည့် အကြောင်းများကို လည်း သမိုင်းပညာရှင်တဦးပီပီ စေ့စပ်သေချာစွာ ထောက်ပြဝေဖန်ထားသည်။

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb