TacdbBurmese Logo
မူလစာမျက်နှာ
တီအေစီဒီဘီအကြောင်း
တီအေစီဒီဘီလှုပ်ရှားမှု
စီမံကိန်းများ
ထုတ်ပြန်ကြေငြာချက်
သတင်း
ဆောင်းပါး
ကဗျာ
သိကောင်းစရာဥပဒေ
ဆက်သွယ်ရန်
အကြံပြုစာ
အခြားဝက်ဆိုဒ်များ
ယခင်သတင်းများ

၂၅ သြဂုတ် ၂၀၀၇ မှ
စတင် ၀င်ရောက် ဖတ်ရှုသူ
အရေအတွက်

TACDB
P.O Box 47
Rachatavee Post Office
Bangkok,10400 Thailand

ဖုန်းနံပါတ် 02-2164463, 02-6111211

 

ထိုင်းနိုင်ငံမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြတောင်း ဆိုသူ မြန်မာပြည်သူများသို့ အိတ်ဖွင့်ပေးစာ ...

သို့

မြန်မာပြည်သူများသို့ အိတ်ဖွင့်ပေးစာ

အောက်တိုဘာလ ၄ ရက် ၂၀၀၇ ခုနှစ်

အကြောင်းအရာ။ ။ဒီမိုကရေစီရေးအတွက်တောင်းဆိုတိုက်ပွဲဝင်သူ မြန်မာပြည်သူများအား ဂုဏ်ပြုခြင်း

မကြာသေးသော ရက်များအတွင်းက မြန်မာပြည်သူ ရဟန်းရှင်လူပြည်သူများနှင့် ကျောင်း သူ/ကျောင်းသားများက လမ်းမများပေါ်သို့ထွက်လာကာ စီးပွားရေးတိုးတက်ကောင်းမွန်ရေး၊ တရားမျှတရေးနှင့် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုမှုသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ၈၈၈၈ အ ရေးတော်ပုံကြီးနောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော မြန်မာပြည်သူများ လမ်းပေါ်ထွက်ကာ တောင်းဆိုမှုများတွင် အကြီးမားဆုံး ဆန္ဒပြတောင်းဆိုမှုဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံ တွင်လည်း စစ်တပ်မှ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့်အတွက် ပြည် သူများ သွေးမြေကျခဲ့ရသည်။

မြန်မာစစ်အစိုးရက လက်နက်အားကိုး၍ ဆန္ဒပြည်သူများ၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည် သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့်တွက် သေဆုံးသူနှင့် ဒဏ်ရာရသူ အမြောက် အများရှိခဲ့သည်။ ထိုမျှမက ဆန္ဒပြပြည်သူ ရဟန်းရှင်လူများကို ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကိုထိလက်ရောက်နှိပ်စက်ခြင်းများကို လည်းပြုခဲ့သည်။

ကျွန်ုပ်တို့ထိုင်းပြည်သူများအနေဖြင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့်လည်း ကောင်း မြန်မာပြည်တွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ငြိမ်းချမ်း စွာ တောင်းဆို တိုက်ပွဲဝင်နေသည့် ရဟန်းသံဃာများ၊ ကျောင်းသား/ကျောင်းသူ၊ တိုင်းရင်း သားပြည်သူများနှင့် မြန်မာပြည်ဖွား ပြည်သူလူထု၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောက် ခံအားပေးပါသည်။

ရဟန်းသံဃာများက ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသော်လည်း မြန်မာစစ်အစိုးရက အကြမ်း ဖက်နှိမ်းနင်းခဲ့ ပါသည်။ ယင်းသို့ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်းနင်းခြင်းမှာ မြန်မာအစိုးရအဖို့ အလွန်ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပြစ်မှုကျူးလွန် ခြင်းဖြစ်ပါသည်။ လူသားတဦး၏ နိုင်ငံရေးတွင် အများနှင့်အတူ လွတ်လပ်စွာပါဝင် ဆောင် ရွက်နိုင်မှု၊ လွတ်လပ်စွာ ပါတီတည်ထောင်ခွင့် အစိုးရဖွဲ့စည်းနိုင်မှု အရကြည့်လျှင် ပါတီတည် ထောင်နိုင်ခွင့် အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်ပါသည်။

ပြည်သူပြည်သားတဦး၏ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ငြိမ်းချမ်းစွာ စည်းရုံးခွင့်တို့သည်လည်း တားမြစ်ခြင်းခံရသည်။ စီးပွားရေးတွင်လည်း စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ ပြည်သူပြည်သားများထံမှ ကောက်ခံရရှိလာသည့် အခွန်ငွေများကိုလည်း စစ်တပ်အင်အား တောင့်တင်းရေးအတွက် အသုံးပြုနေခြင်းတို့ကြောင့် ပြည်သူ ပြည်သားများမှာ တနေ့ထက် တနေ့ ဆင်းရဲကြပ်တည်း လာကြသည်။

လူမှုရေးနှင့်ယဉ်ကျေးမှုတွင်လည်း တိုင်းရင်းသားလူမျိုးစုများဒေသများတွင် အဓမ္မပြုကျင့် ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်းများကို ကျူးလွန်နေခြင်း၊ ပညာရေးကဏ္ဍတွင်လည်း တက္ကသိုလ်နှင့် ကျောင်းအများစုမှာ ပိတ်ထားခြင်းနှင့် လူမျိုးစုဒေသများတွင် လူ့အခွင့်အ ရေး ချိုးဖောက်မှုများကို စစ်အစိုးရက ကျူးလွန်နေသည်။

မြန်မာပြည်သူများ၏ တရားမျှမှုနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင် ပြည်သူများမှ အောင်ပွဲ ဆင်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ မကြာသော အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော အစိုးရတရပ်ပေါ်ပေါက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာပြည်သူများကို အစဉ်ထောက်ခံအားပေးလျှက်

 

TACDB publication

December 2009 issue
March 2010 special issue

Thai Myanmar MOU regarding Migrant Workers

thai Cabinet Decision regarding Migrant Workers



Font Download

Tacdb Burmese Website Tacdb Thai Tacdb English Tacdb Burmese Tacdb