|
|
ထိုင်းနိုင်ငံမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြတောင်း ဆိုသူများအပေါ် မြန်မာစစ်အစိုးရမှ အကြမ်းဖက်နှိမ် နင်းမှုများအား ရပ်တန့် ပေးရန် တောင်းဆိုသော အိတ်ဖွင့်ပေးစာ ...
သို့
မြန်မာအစိုးရသို့ အိတ်ဖွင့်ပေးစာ
အောက်တိုဘာလ ၄ ရက် ၂၀၀၇ ခုနှစ်
အကြောင်းအရာ။ ။ငြိမ်းချမ်းစွာဆန္ဒပြသူ ရဟန်းသံဃာနှင့်မြန်မာပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုများကို ရပ်တန့်ပေးရန်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ...
မကြာသေးသော ရက်များအတွင်းက မြန်မာပြည်သူ ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသူ/ ကျောင်းသားများ က လမ်းမများပေါ်သို့ထွက်လာကာ စီးပွားရေးတိုးတက်ကောင်းမွန်ရေး၊ တရားမျှတရေးနှင့် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုမှုသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ၈၈၈၈ အ ရေးတော်ပုံကြီးနောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော မြန်မာပြည်သူများ လမ်းပေါ်ထွက်ကာ တောင်းဆိုမှုများတွင် အကြီးမားဆုံး ဆန္ဒပြ တောင်းဆိုမှု တခုလည်းဖြစ်သည်။ ၈၈၈၈ အ ရေးတော်ပုံတွင်လည်း စစ်တပ်မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့် အတွက် ပြည်သူများ သွေးမြေကျခဲ့ရသည်။
ကျွန်ုပ်တို့ ထိုင်းပြည်သူများအနေဖြင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် တဦးအနေဖြင့်လည်း ကောင်း လူကြီးမင်းနှင့် မြန်မာအစိုးရ၏ ရဟန်း ရှင်လူပြည်သူများအပေါ် လူမဆန်စွာ ရက် စက်ကြမ်းကြမ်းမှုများမှ ရပ်စဲရန်၊ တရားမျှဖြစ်ပေါ်စေရန် တောင်းဆိုလိုက်သည်။
၁။မြန်မာအစိုးရနှင့်စစ်တပ်အနေဖြင့် လက်နက်မပါငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းရှင်လူ ပြည်သူများကို ရိုက်နှက်ညှဉ်းပမ်းခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း အကျဉ်းထောင်တွင်း ထည့်သွင်းထားခြင်း စသည်လုပ်ရပ်များသည် လူသားတို့အပေါ်ကျူးလွန်သည်ပြစ်မှုများ ဖြစ်သည်ကို မြန်မာအစိုးရအနေဖြင့် ငြင်းဆို၍ ရမည်မဟုတ်ပါ။ ယင်းကျူးလွန်မှုများအတွက် မြန်မာစစ်အစိုးရက တာဝန်ယူရမည်။
၂။ မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူများအသက်သေကြေအောင် လက်နက်အားကိုး၍ နှိမ် နင်းနေခြင်းကို ချက်ခြင်း ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်သည်။ မြန်မာစစ်အစိုးရအနေဖြင့် တကမ္ဘာလုံးကလေးစားလိုက်နာသော လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လိုအပ် သည်။ ဖမ်းဆီးထားသော ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့် ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီမိုကရေစီကို ချစ် မြတ်နိုးသူ ပြည်သူများ၊ မြန်မာပြည်တွင် တရားမျှတရေးအတွက်တောင်းဆို တိုက်ပွဲဝင်သူ အားလုံးကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန်။
၃။ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန်အတွက် စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးရန်၊ ပြည်သူထံမှ ဆင်းသက်လာ သော အာဏာကို မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုလက်တွင်းသို့ အမြန်ဆုံး ပြန်လည် အပ်နှင်းပေးရန်တို့ကို တောင်းဆိုလိုက်သည်။
ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို အထူးအလေးပေး စဉ်းစားစေလိုပါသည်။
ရိုသေလေးစားလျှက်
|
|

December 2009 issue March 2010 special issue




|